သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-26
မြန်မာမှာရော ကမ္ဘာမှာပါ ကြုံနေရတဲ့ ပလတ်စတစ်ပြဿနာနဲ့ ပလတ်စတစ် လျှော့သုံးနည်း ၊ ပြန်လည်သုံးဖို့ စတဲ့ နည်းတွေနဲ့ ပလတ်စတစ် အမှိုက်နည်းပါးအောင် လုပ်နိုင်တဲ့နည်းတွေ ကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။
2017-07-26
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့က ကြက်ခြံတစ်ခြံမှာ ကြက်ငှက်တုပ်ကွေးရော ဂါ H5N1 ဖြစ်ပွားနေတဲ့အတွက် ကြက်ဥနဲ့ ကြက်သား ဖြန့်ဖြူးရောင်းချမှုတွေ မလုပ်ဖို့ မနေ့ကစပြီး တားမြစ်လိုက်ပါတယ်။
2017-07-26
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ သတင်း ထုတ်ပြန်ချက် အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2017-07-26
ရခိုင်အမျိုးသားပါတီအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေတဲ့ အခြေ အနေတွေကြောင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို ပြန်ပြီး မှတ်ပုံတင်ခဲ့ရတာလို့ ALD ပါတီခေါင်းဆောင်တွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်း လင်းပွဲလုပ် ပြီး ပြောလိုက်ပါတယ်။
2017-07-26
မွေးရာပါ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ပြဿနာတချို့ ရှိနေပါတယ်။
2017-07-26
လက်ရှိ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ A-H1N1 ဗိုင်းရပ်စ်ပိုးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသလား ဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာ ထွန်းကျော်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တေ့ွဆုံမေးမြန်းထားပါတယ်။
2017-07-26
မိုးတွင်းကာလမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကြောင့် ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ ဆေးကုသခံယူနေတဲ့ ကလေးငယ်အရေအတွက် တထောင့်ငါးရာနီးပါး ရှိနေတယ်လို့ သိရပါတယ်။
2017-07-25
ဇူလိုင်လအတွင်း တိုင်းနဲ့ပြည်နယ် ၉ ခုက ရေဘေး သင့်ပြည်သူတွေအတွက် လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်၊ ဆီ၊ ဆား အစရှိတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု အတွက် ငွေကျပ် သိန်းပေါင်း ၁၅၀၀ ကျော်ကို သုံးစွဲခဲ့ပါတယ်။
2017-07-25
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ H1N1 ရာသီတုတ်ကွေး ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြား စိုးရိမ်နေကြတဲ့ အခြေအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး သတိထားဆင်ခြင်သင့်တာတွေ အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-07-25
ပညာရေးလောကမှာ ဖယ်ရှားကြရဦးမယ့် ခေတ်စနစ်ဟောင်းရဲ့ အကြွင်းအကျန်တွေအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-07-25
အသရေဖျက်မှုနဲ့တရားစွဲဆိုရာမှာ အသုံးပြုနေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်း ဖို့ အမျိုးသားလွှတ်တော်မှာ ကိုယ်စား လှယ်တွေ ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။
2017-07-25
မကွေး၊ ရခိုင်၊ပဲခူး၊ မွန် စတဲ့ တိုင်းနဲ့ပြည် နယ် ၉ခုက ရေဘေးဒဏ်ခံနေရသူ နှစ် သိန်းလေးသောင်းကျော်အတွက် လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စားနပ်ရိက္ခာနဲ့ နေအိမ်ပြုပြင် ဆောက်လုပ်ရေးအတွက် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
2017-07-25
ကျောက်မီးသွေးသုံး ဓာတ်အားပေးလျှပ်စစ် စက်ရုံတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ အကောင်အ ထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က မနေ့က ပြောကြားခဲ့ပါတယ်။
2017-07-25
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီကနေ နှုတ်ထွက်ခွင့် တင်ထားတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကို ပါတီ က နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။
2017-07-25
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းဆီးခံ ထားရတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ၂ ယောက်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ HRW နဲ့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့က ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။