သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-26
အခုဆက်ပြီး “ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာက ပန်းစိုက်တောင်သူ မိသားစုတစ်စုနဲ့ တစ်နေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-06-26
ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခံရသူများ ကူညီရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသလို၊ ညှင်းပမ်းနှိပ်စက်မှု အဆုံးသတ်ရေးနေ့အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။
2015-06-26
အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာနက နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေတွေကို နှစ်စဉ်ထုတ်ပြန်နေရာမှာ မနေ့က ထွက်ပေါ်လာခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ဆက်လက်ဆိုးရွားနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
2015-06-26
နိုင်ငံအတည်တကျမရှိပဲ ပင်လယ်ပြင် မှာ နေထိုင်ရွှေ့ပြောင်းသွားလာလုပ်ကိုင်နေကြတဲ့ ဆလုံ လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင်အထက် နှိပ်စက် တာတွေ ရပ်ဆိုင်းပြီး၊ ကူညီစောင့်ရှာက်အကာအကွယ်ပေး ကြဖို့ မြန်မာနဲ့ ထိုင်းနိုင်ငံကို HRW လူ့အခွင့်အရေးအဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2015-06-25
မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို မနေ့က ပြန်ပို့ပေးလိုက်ပြီဖြစ် ပါတယ်။
2015-06-25
မိုင်းကိုင်မြို့နယ်မှာ TNP တအာင်းပလောင် အမျိုးသားပါတီ မြို့နယ်ဥက္ကဌနဲ့ အတွင်းရေး မှူးတို့ကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီအဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မဟုတ်မှန်ကြောင်း RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဒီကနေ့ရက်စွဲနဲ့ စာရေးသားပေးပို့ လိုက်ပါတယ်။
2015-06-25
ထိုင်းနိုင်ငံက သံဃာတော်တွေရဲ့ အကူအညီနဲ့ မဘသ ခေါ် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးက အသံလွှင့်ဌာနတစ်ခုဖွင့်လှစ်ပြီး မြန်မာပြည်တစ်ပြည်လုံးကို သာသနာတော်ပြန့်ပွားရေး အသံလွှင့်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
2015-06-25
ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့အစည်း အကြား ပဋိပက္ခဆိုတာ ရှိနေဦးမှာဖြစ် တဲ့အတွက် နှစ်ဖက်တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဖြေရှင်းတဲ့နည်းလမ်းနဲ့သာ သွားကြဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက် ပါတယ်။
2015-06-25
၂ဝဝ၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄ ခုကို ပြင်ဆင်ဖို့တင်ပြထားတဲ့ မူကြမ်းအပေါ် ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လိျှု့ဝှက်မဲစနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တွေကို ပြင်ဆင်ဖို့ ပြဌာန်းချက်တွေ ရှုံးနိမ့်ခဲ့ပါတယ်။ လွှတ်တော်အပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-06-25
၂ဝဝ၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄ ခုကို ပြင်ဆင်ဖို့တင်ပြထားတဲ့ မူကြမ်းအပေါ် ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ လိျှု့ဝှက်မဲစနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တွေကို ပြင်ဆင်ဖို့ ပြဌာန်းချက်တွေ ရှုံးနိမ့်ခဲ့ပါတယ်။ လွှတ်တော်အပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-06-25
မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူး ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး ပြော ပါတယ်။
2015-06-25
၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်း ထဲက ပုဒ်မခွဲ ၆ခုကို ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ တွေကို ကန့်ကွက် မဲပေးသူများတာကြောင့် ပုဒ်မ ၂ ခုစလံုံးကို မပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် လိုက်ပါတယ်။
2015-06-25
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်း မှာပါတဲ့ “နိုင်ငံတော်သမ္မတ အရည်အချင်း” သတ်မှတ်ချက် ပုဒ်မ (၅၉) အပါအဝင် ပုဒ်မလေးခု ကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဒီနေ့ ဆက်လက်ဆွေးနွေး ခဲ့ကြပါတယ်။
2015-06-25
SNLD- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကယားပြည်နယ်အတွင်း ပထမဆုံးရုံးခန်း ဖွင့်ပွဲကို လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-06-25
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် “ဝက်ဝံ” ကော်ဖီခြံစီမံကိန်း ဧရိယာမှာ ဝင်ရောက်ထွန်ယက် စိုက်ပျိုး နေတဲ့တောင်သူ ၆ ဦးကို အကျိုးဖျက်ဆီးမှု၊ ကျူးကျော်ဝင်ရောက်မှု ပုဒ်မတွေနဲ့ ကော်ဖီခြံမန်နေဂျာက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က တရားစွဲဆိုလိုက်ပါတယ်။