သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-22
ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအနီးမှာ မနေ့ကစလို့ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-11-22
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆိုပြုချက် လေးရပ်အပေါ် တိကျတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလမှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရ ခေါင်းဆောင်တွေ နေပြည်တော်မှာ သီးခြားထပ်မံတွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချင်းမိုင် အစည်းအဝေးမှာ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။
2019-11-21
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေ အထောက်အထားတွေ အမြောက်အမြား ရှိနေတယ်လို့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုတဲ့အမှုအတွက် ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ Foley Hoag ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
2019-11-21
RFA ကိုရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ပေးပို့တဲ့ စာတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။
2019-11-21
မြန်မာအနေနဲ့ ရခိုင်မြောက်ပိုင်းကကိစ္စတွေကို ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု သဘော တူညီချက်ကို မကျူးလွန်ဘူး ငြင်းဆိုဖို့ခက်ခဲကြောင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ် ကနေ ဥပဒေသိပ္ပံပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် က RFA နဲ့ သီးသန့် အင်တာဗျူးမှာ သုံးသပ်ပြထားပါတယ်။
2019-11-21
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဒီကနေ့ ပြောလိုက်ပါတယ်။
2019-11-21
မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှု ဖွင့်တိုင်ကြားထားတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးက ထုတ်ပြန်ထားပါတယ်။
2019-11-21
ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော် အကြီး အကဲတွေကို တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့တရားရုံးမှာ လာမယ့် ဒီဇင်ဘာလထဲမှာ ပထမဆုံး ကြားနာပါတော့မယ်။
2019-11-21
ဒေါက်တာအေးမောင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး ဖမ်းထားတဲ့အတွက် ရခိုင်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတော့ဘူး ဆိုတဲ့ အယူအဆ ခိုင်မာလာအောင် အားပေးရာရောက်တယ်လို့ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
2019-11-21
ဒီတပတ် “ယနေ့ နိုင်ငံရေး” အစီအစဉ်မှာ "ICJ ၊ ICC နိုင်ငံတကာတရားရုံးကိစ္စတွေကို မြန်မာနိုင်ငံ ဘယ်လိုတုံ့ပြန်ဖြေရှင်းသင့်သလဲ" ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-11-21
နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်မှာတေ့ာ ကချင်ပြည်နယ် ပြည်သူ့ပါတီ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လမာနော်အောင်ကို RFA-ဝိုင်းတော်သား ကိုသီဟထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-21
နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် ကုလသမဂ္ဂယူနီဆက်ဖ်က သတ်မှတ်ထားသလို ကလေးအခွင့်အရေး သဘောတူညီစာချုပ်ကို ကုလသမဂ္ဂမှာ ၁၉၈၉ ခုနှစ်က ပြဌာန်းခဲ့တဲ့အတွက် ဒီနှစ်ဟာ အနှစ် ၃၀ ပြည့်ဖြစ်ပါတယ်။
2019-11-21
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ခမရ ၃၇၄ တပ်ရင်းမှူး မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာအနီးတဝိုက်ကျေးရွာတွေက ဒေသခံလေးဦးကို တပ်မတော်က ဖမ်းဆီးစစ်ကြောရာမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2019-11-20
အာဖရိကတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားတဲ့ ICJ- Intenational Court of Justice နိုင်ငံတကာတရားရုံး ကျင့်ထုံးဆိုင်ရာ တစေ့ တစောင်းနဲ့ မြန်မာနိုင်ငံရင်ဆိုင်ရတဲ့ ညှပ်ပူးညှပ်ပိတ်အခြေအနေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2019-11-20
မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကို ရင်ဆိုင်ဖို့အတွက် နယ်သာလန်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးအကောင်း ဝေဖန်ချက် တချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။