သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-02
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံရ တဲ့ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ် ပြီး တချို့သူတွေ စွပ်စွဲသလို နိုင်ငံကို ဆူပူအုံကြွအောင် လှုံ့ဆော်နေတာ မဟုတ်ကြောင်း မဘသ အဖွဲ့က ဆရာတော် ဦးပါမောက္ခက ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မိန့်ကြားပါတယ်။
2016-01-02
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS/ SSA အဖွဲ့ဝင်တွေ နယ်မြေကျော်သွားလာတယ်ဆိုပြီး အစိုးရတပ်တော်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ က ရှမ်းပြည်နယ် မိုင်းပြင်း မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA အရ ပြန်လည်ညှိနှိုင်းဖို့ လိုတယ်လို့ RCSS က ပြောပါတယ်။
2016-01-02
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသ အတွက် တရုတ်နယ်စပ်ဖြတ်ကျော် ပြီး ရောက်ရှိနေတဲ့ စက်ယန္တရားတွေဟာ ကချင်ပြည်နယ် အစိုးရက လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ အဲ့ဒီလို လုပ်ပိုင်ခွင့်တွေ အားလုံးဟာ ပြည်ထောင်စု အဆင့်နဲ့သာ သက်ဆိုင်ကြောင်း အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းခံရတဲ့ ကချင်ပြည်နယ် အစိုးရ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။
2016-01-02
တိုင်းပြည်အသွင်ကူးပြောင်းရေးကာလမှာ အနှောက်အယှက်ဖြစ်စေမယ့် အပြော အဆို၊ အသုံးအနှုန်းတွေကို နှစ်ဘက်ညှိနှိုင်းပြီး ထိန်းသိမ်း သွားဖို့အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ဗဟိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးတို့တွေ့ဆုံပွဲမှာ သဘောတူညီခဲ့ကြတယ် လို့ မဘသ အဖွဲ့က မိန့်ကြားပါတယ်။