သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-03
နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံလက်မှတ် White Card ကိုင်ဆောင်ထားသူတွေကို ပါတီဝင်ကနေ နှုတ်ထွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ကို NLD ပါတီအနေနဲ့ မကျေနပ်ပေမဲ့လည်း ဥပဒေကို လေးစားလိုက်နာမှုအရ ပါတီတွင်း White Card ကိုင်ဆောင်ထားသူတွေကို ပါတီဝင်အဖြစ်က ရပ်ဆိုင်းဖို့ ညွန်ကြားထားပြီးပြီလို့ NLD ပါတီက ပြောပါတယ်။
2015-01-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန် နယ်မြေအတွင်းမှာရှိတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ တရားဝင်မှတ်ပုံရရှိဖို့ တောင်သူတွေက ကြိုးစားရာမှာ မြို့နယ်မြေစာရင်းဌာနက ငြင်းပယ်နေ တဲ့အတွက် သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတောင်းဆိုသွားဖို့ ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေ ဒီကနေ့အစည်းအဝေးပြု လုပ်ပြီး ဆုံးဖြတ်လိုက်ကြပါတယ်။
2015-01-03
လက်ပံတောင်းတောင်ဒေသမှာ ဒီဇင်ဘာလ ၂၂ရက်နေ့က သေနတ် ထိမှန်သေဆုံးသူ ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရရှိသူဒေသခံ ၁၀ဦးအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆားလင်းကြီး မြို့မရဲစခန်းမှာ ဒေါ်ခင်ဝင်ရဲ့ မိသားစုဝင်တွေက ဒီကနေ့ အမှုဖွင့်လိုက်ပါတယ်။
2015-01-03
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေအတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲ တစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။
2015-01-03
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဇန်နဝါရီလအ တွင်းမှာ ပြန်လည်လုပ်ကိုင်မှာဖြစ်တဲ့အတွက် ယမ်းဖောက် ခွဲဖို့ဆိုပြီး သတ်မှတ်ချိန်အတွင်းမှာ ရွာသားတွေကို အပြင် မထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက မနေ့က ရွာသားတွေကို အကြောင်းကြား စာပေးပို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2015-01-03
မြန်မာပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက် တန်သေး ဘူးလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီ စနစ်ကို မကျင့် သုံးချင်တဲ့လူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2015-01-03
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမူဆောင်ကော်မတီ အစည်းအဝေးကနေ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်သွားမယ့် စည်းမျဉ်းတွေနဲ့ ဘယ်တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းသွားမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2015-01-03
ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောစေတီ အနောက် ဘက်မုဒ်ကကွင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2015-01-02
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တွေဟာ လွှတ်တော်သက်တမ်း ၄ နှစ်တာ ကာလအတွင်း အာနည်းချက်၊ အားသာချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-02
ကျိုက်ထီးရိုးစေတီတော် ၃၇ ကြိမ်မြောက် ဆီမီးကိုးထောင် ပူဇော်ပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပခဲ့ရာမှာ ဘုရားဖူးဧည့်သည်တွေနဲ့ စည်ကားခဲ့ပါတယ်။
2015-01-02
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသားစကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံရေးလူမှုရေးနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ ထူးထူး ခြားခြား မှတ်သားစရာ ပြောကြားချက်တွေကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
2015-01-02
တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲနိုင်ဖို့နဲ့ နိုင် ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို ABSDF ကျောင်းသားတပ်မတော်က တိုက် တွန်းဆွေးနွေးလိုက်ပါတယ်။
2015-01-02
တနင်္သာရီတိုင်းဒေသကြီးအစိုးရအနေနဲ့ တိုင်းအတွင်းက လယ်သမားတွေ ရင်ဆိုင်နေရတဲ့ လယ်ယာမြေ ပြဿနာတွေအပြင် ရေလုပ် သားတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
2015-01-02
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ၄ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စား လှယ်တွေတင်သွင်း တဲ့ ဥပဒေကြမ်းတွေကို အတည်ပြုပြဌာန်းခဲ့တာ မရှိ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ပြောပါတယ်။
2015-01-02
၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလကုန် နဲ့ နိုဝင်ဘာလဆန်းပိုင်းအတွင်း ကျင်းပဖို့ရှိတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြောပေမဲ့ ဒါဟာ ဥပဒေကြောင်းအရ တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက် မဟုတ်ဘူးလို့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ ဒါ့ကြောင့် NLD ပါတီရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာကို ပြောနိုင်ဖို့အတွက် ရွေးကောက် ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဦး မယ်လို့လည်း ဆိုပါတယ်။