သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-14
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုန် ၁ မှာရှိတဲ့ တရုတ်နိုင်ငံသား ပိုင် ဂျေစီကေ JCK အထည်ချုပ် စက်ရုံမှာ မနေ့ညပိုင်းက အချိန်ပိုမဆင်းချင်တဲ့ အလုပ်သမား ၃၀၀ လောက်ကို စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲမှာ တစ်နာရီကျော်ကြာ ပိတ်ထားတယ်လို့ သိရပါတယ်။
2015-01-14
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ တရားမဝင် သစ်ခိုးထုတ်တာဟာ တိုင်းပြည် ရဲ့ သယံဇာတ ဆုံးရံှုးတဲ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးခံရတာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ဒီနေ့ ပြောလိုက်ပါတယ်။
2015-01-14
၃လ နီးပါးကြာရပ်နားခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ်ပြန် လည် ထုတ်ဝေခြင်းမိတ်ဆက် အခမ်းအနားကို ဒီနေ့ ကျောက်တံတားမြို့နယ်က စင်ထရယ် ဟိုတယ်မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ "ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား-ဝေးသ လား"ခေါင်းစဉ်နဲ့ စကားဝိုင်းတစ်ခုကို ထည့်သွင်းခဲ့ ပါတယ်။
2015-01-14
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-14
နိုင်ငံ့အကြီးအကဲတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်ထောင်စုအစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှု မရှိကြောင်းနဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်း ပပေးဖို့ကို ရှောင်ရှားခြင်း မပြုသင့်ကြောင်း ဆွေးနွေး ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-01-14
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် အကြို၊ နှစ်တစ်ရာပြည့် မွေးနေ့ပွဲအကြို စာပေဟောပြော ပွဲကို မြစ်ကြီးနားမြို့ “သီတာ” နှစ်ခြင်းအသင်းတော်ခန်းမမှာ ၂၀၁၅ ဇန်နဝါရီ ၁၂ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။
2015-01-14
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးနဲ့ နေပြည်တော်မှာ ၂၀၁၅ ဇန်နဝါရီလ (၁၃)ရက် ဒီနေ့တွေ့ဆုံခဲ့ပါတယ်။
2015-01-14
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့ အထိ နှစ်ရက်ကြာခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၊ KIO နည်းပညာအကြံပေး အလုပ်အဖွဲ့၊ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့တို့နဲ့ မြစ်ကြီးနားမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-14
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပဋိပက္ခမှာ သေဆုံးခဲ့ရတဲ့ တောင်သူ ဒေါ်ခင်ဝင်းအမှုမှန် ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့သူတွေထဲက ခေါင်းဆောင်တချို့ကို ၂၀၁၅ ဇန်နဝါရီလ(၁၃)ရက် ဒီနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2015-01-14
ကယားပြည်နယ် အခြေစိုက် ကယန်းအမျိုးသားပါတီ၊ ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့ မဟာမိတ်ပါတီတွေ အဖြစ် ပူးပေါင်းလိုက်ကြောင်း ၂၀၁၅ ဇန်နဝါရီလ (၁၂)ရက် မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-01-14
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။
2015-01-14
ကယားပြည်နယ်အခြေစိုက် ကယန်းအမျိုးသားပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နဲ့ကယားလူမျိုးစု ဒီမိုကရေစီပါတီတို့က မဟာမိတ်ပါတီတွေအဖြစ် ပူးပေါင်းလိုက်ပါတယ်။
2015-01-14
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး မှာ ဒီကနေ့ တေ့ွဆုံခဲ့ပါတယ်။
2015-01-14
အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းပြီဆိုရင် အသွင်ကူးပြောင်းရေးကာလတစ်ခု သတ်မှတ်ကြ သလို၊ အဲ့ဒီလိုကူးပြောင်းမှုဟာ ဘယ်လောက်စစ်မှန် သလဲဆိုတာကို တိုင်းတာတဲ့အဓိကအချက်တချို့ ရှိပါတယ်။
2015-01-13
နေပြည်တော်က သမ္မတအိမ်တော်မှာ နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြု ရေး ခေါင်းဆောင်တွေ က နိုင်ငံရေးပါတီခေါင်းဆောင် တချို့တိုင်းရင်းသား ရေးရာဝန်ကြီး ၂၈ ဦးတို့နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။