အမေရိကန် လက်ထောက်ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ Triangle ဒါရိုက်တာ မခင်လေးနဲ့ မေးမြန်းချက်
2015.01.14
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ လူ့အခွင့် အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး မှာ ဒီကနေ့ တေ့ွဆုံ ခဲ့ပါတယ်။
တေ့ွဆုံပွဲကို တက်ရောက်ခဲ့တဲ့ Triangle အမျိုးသမီးအဖဲ့ွက ဒါရိုက်တာ မခင်လေးကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
မစန်းမော်အောင်။ ။ဒီနေ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ ဆုံမှုမှာ ဘယ်အချက်တွေကိုများ ဆွေးနွေးခဲ့ကြလဲရှင့်၊ ဒီမြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျဉ်းသားနဲ့ အပြောင်းအလဲကို ဆွေးနွေးကြတယ်ဆိုတော့ ဘယ်အချက်ကိုများ ထောက်ပြဆွေးနွေမှုတွေရှိခဲ့လဲ အစ်မ။
မခင်လေး။ ။ခေါင်းစဉ်ကကျတော့ နိုင်ငံရေးအကျဉ်းသားများနဲ့ နိုင်ငံရေးအပြောင်းအလဲနဲ့ ပတ်သက်တဲ့ ကျမတို့ဆွေးနွေးတာပေါ့နော်၊ AAPP ကိုထပ်ဖွဲ့တဲ့ ကော်မတီထဲမှာ လုံးဝမဖယ်လိုက်ဘူး၊ ချန်ထားခဲ့တယ်၊ ဒါ့အပြင် ကော်မတီအသစ်ဖွဲ့တာကိုလည်း ကော်မတီဝင်ထဲမှာပါတဲ့လူတွေကတောင်မှ မသိရပဲနဲ့ အကြောင်းမကြား ပဲနဲ့ သူတို့ဟာသူတို့ ဖွဲ့လိုက်တယ်ဆိုတဲ့ဟာပေါ့နော်၊ နောက်ထောင်ထဲမှာ ကျန်နေတဲ့ အကျဉ်းသားတွေကို လက်မှာရေးပြီးတော့ ကျမတို့ လှုပ်ရှားမှုလုပ်ပြီးမှ နောက်တစ်နေ့မှ ဒီကော်မတီဖွဲ့တယ်၊ AAPP တို့ နိုင်ကျဉ်း တို့ ထောက်ပြတာတို့ ဒါတော့ရိုးသားမှုမရှိဘူး၊ တစ်ခုခုအတွက် အခုအခံဖြစ်အောင်လို့ လုပ်တယ်ဆိုတဲ့ဟာမျိုး ကိုတော့ သူတို့ကထောက်ပြတာပေါ့နော်။
မစန်းမော်အောင်။ ။ဒီမြန်မာနိုင်ငံ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေ၊ မြန်မာနိုင် ငံပြုပြင်ပြောင်းလဲရေးကော သူကကောဘယ်လိုမျိုး ဆွေးနွေးသွားတာမျိုးရှိလဲရှင့်။
မခင်လေး။ ။သူတို့က ၂ ရက် နေပြည်တော်မှာ လုပ်မယ့်ဟာမှာ သူတို့ထည့်ပြီးတော့ ဆွေးနွေးမယ်ပေါ့၊ ဒီဘက်က အရက်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ တင်ပြတဲ့စိုးရိမ်ချက်တွေကို သူတို့က ကိုယ်စားပြု ပြီးတော့ ပြောပေးမဲ့ဟာပေါ့နော်။
မစန်းမော်အောင်။ ။ဒီကဏ္ဍအသီးသီးမှာ လှုပ်ရှားပါဝင်နေတဲ့သူတွေ ပါတယ်ဆိုတော့ လက်ရှိမြန် မာနိုင်ငံ အပြောင်းအလဲမှာကော ဘယ်အချက်ကို စိုးရိမ်မှုတွေရှိနေတယ်၊ နောက်အပြောင်းအလဲနဲ့ ပတ်သက် ပြီးတော့ အစ်မအနေနဲ့ကော ဘယ်လိုမျိုးတင်ပြဆွေးနွေးမှုတွေ ရှိခဲ့လဲရှင့်။
မခင်လေး။ ။ကျမကတို့ကတော့ ဘယ်လိုဥပဒေမျိုးတွေကိုတော့ ပြောင်းစေချင်တယ်ပေါ့၊ အဲ့ဒီမှာလည်း အားလုံးတက်လာတဲ့သူတွေက အမြင်အမျိုးမျိုးပေါ့၊ တချို့ကတော့ အခြေခံပဒေပြင်ဆင်ရေးပေါ့နော်၊ သူတို့ဘက်က လည်းပြောတယ် ဒါကတော့ဟုတ်တယ်၊ ဒါပေမယ့် သူသက်တမ်း ၁ နှစ်အတွင်းမှာ ဒါတွေလုပ်နိုင်ပါ့မလား၊ ကိုမင်းမင်းစိုးကတော့ မသန်စွမ်းသူများနဲ့ အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီးတော့ မကြာခင်လွှတ်တော် တင်တော့မယ့်ဟာရှိတယ်၊ သူတို့လုပ်ထားတဲ့ တွေ့ဆုံညှိနှိုင်းထားတာရှိတဲ့အတွက် အဲ့ဒါလေးတော့ ရှိတယ်ပေါ့၊ ဒီ ဥပဒေ ၄ ခုနဲ့ပတ်သက်လို့ ကျမတို့အမြင်တွေကိုလည်း ကျမတို့ပြောတယ်၊ ဒီအမျိုးသားပညာရေးဥပဒေ ပြဿနာ အရမ်းကြီးနေတယ်၊ ကျမတို့အဲ့အပေါ်မှာ စိုးရိမ်တယ်၊ လယ်ယာမြေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်း စိုးရိမ်တယ်၊ ဒီဥပဒေတွေနဲ့ လယ်သမာတွေဟာ လယ်ယာမြေနဲ့ အဲ့ဟာနဲ့ပဲ လယ်သမားတွေအများကြီးကို ထောင်တွေကျအောင်၊ တရားရုံးတွေမှာ ဥပဒေတွေရင်ဆိုင်နေပြီးတော့ နိုင်ငံရေးကိုစိတ်မဝင်စားအောင် လုပ်နေတဲ့ဟာသည်လည်း ၂ဝ၁၅ အတွက် စိန်ခေါ်ချက်ဖြစ်တဲ့အတွက် အဲ့ဒီလယ်သမားတွေအတွက် အကျိုးရှိမယ့်ဥပဒေမျိုးကိုလည်း အမြန် ဆုံးပြဌါန်းပေးဖို့အတွက်ကို လုပ်ပေးရင်တော့ ပိုကောင်းမယ်ဆိုပြီးတော့ ကျမတို့ဘက်ကတော့ တိုက်တွန်းခဲ့ တာပေါ့။
မစန်းမော်အောင်။ ။ဒီဥပဒေအကြောင်းဆွေးနွေးရာမှာ အစ်မတို့အမြဲတမ်း ဆွေးနွေးနေကျဖြစ်တဲ့ အမျိုးသမီးတွေ ကာကွယ်ပေးနိုင်တဲ့ဥပဒေ ဆွေးနွေးရာမှာလည်း ဘယ်လိုအခြေအနေနဲ့ အစ်မ တင်ပြခဲ့ပါသလဲ။
မခင်လေး။ ။ဥပဒေကြမ်း ၄ ခုပေါ့နော်၊ အဲ့ဒါနဲ့ပတ်သက်ရင်လည်း သူတို့ဘက်က အမေရိကန် သမ္မတဘက်ကအမြင်ကိုလည်း နည်းနည်းသူတို့နောက်နေ့တွေ့တဲ့အခါ တုန့်ပြန်မယ်လို့ပြောတယ်၊ ဆိုတော့ တစ်ခါသူတို့ဘက်ကနေ သူတို့အမြင်သဘောထားကိုလည်း တင်ပြမယ်ပေါ့၊ ကျမတို့ကတောင်းဆိုတာကလည်း အမျိုးသမီးတွေကို အကြမ်းမဖက်အောင် ကာကွယ်ရေးဥပဒေတစ်ခု လုပ်နေတာလည်းကြာနေပြီ၊ အဲ့ဒါကို ပြဌါန်း ဖို့အတွက် တိုက်တွန်းပေးဖို့ဆိုပြီးတော့လည်း ကျမတို့ကတော့ ပြောခဲ့တာရှိတယ်ပေါ့နော်၊ ဒီဥပဒေ ၄ ခုကြည့် ရင်လည်း နိုင်ငံတကာအဆင့်တွေနဲ့လည်း လုံးဝကိုက်ညီတာမဟုတ်ဘူးပေါ့၊ လာတဲ့ဧည့်သည်တွေ အဖွဲ့ထဲမှာဆို လို့ရှိရင်လည်း ဒီအစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းကလည်း ပါတဲ့အခါကျတော့ သူတို့က လည်း ဒါကိုအင်မတန်မှ စိတ်ဝင်စားတယ်ပေါ့နော်၊ ဒါတွေနဲ့ပတ်သက်လို့ သူတို့စိုးရိမ်မှုလည်းရှိတယ်ဆိုတဲ့ ဟာကိုတော့ သူတို့ပြောမယ်ပေါ့နော်၊ နောက်တစ်ခု ကျမတို့ပြောခဲ့တာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီဒီယာတွေနဲ့ တွေ့နေတယ်ပေါ့နော်၊ တွေ့ဆုံမှုက ဘယ်လောက်ပဲ အနှစ်သာရရှိတာ မရှိတာတော့မသိဘူး၊ ကျမတို့ အရက်ဖက်အဖွဲ့အစည်းတွေကလည်း တပ်ပိုင်းဆိုင်ရာတွေနဲ့လည်း ကျမတို့တွေ့ချင်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ CSO တွေရဲ့အသံကိုလည်း သူတို့ကြားစေချင်တယ်၊ အထူးသဖြင့် တပ်တွေကနေပြီးတော့ ဒီအမျိုးသမီး ကိစ္စတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ဟာတွေကိုလည်း ကျမတို့ပြောချင်တယ်၊ တကယ့်တိုင်းပြည် တည်ဆောက်ရေးအတွက် ဝိုင်းဝန်းလုပ်နိုင်တယ်ဆိုတဲ့ဟာကို ပြချင်တဲ့အတွက် ကျမတို့ ဖြစ်နိုင်ရင် ဒီမီဒီယာတွေတွေ့သလိုပဲ တွေ့ချင်ပါတယ်လို့ အဲ့လိုပြောတဲ့အခါမှာ အမေရိကန်သံအမတ်ကြီးကလည်းပြောတယ် သူကိုယ်တိုင်လည်း တိုက်တွန်းထားပါတယ်တဲ့ ထပ်ပြီးတော့ဒါကို တိုက်တွန်းပါမယ်ပေါ့နော်၊ ကျမတို့ပြောတာ ကတော့ ဒီလိုတွေ့လိုက်မှပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားတွေသိပြီးတော့ပေါ့နော် အပြန်အလှန်ဆက် ဆံရေးတွေနဲ့ ကျမတို့ပိုပြီးတော့ကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စဉ်းစားလို့ရမယ်ပေါ့၊ အဲ့ဒါလည်း အရေးကြီးတယ်ဆိုတာလည်း ကျမတို့ကတော့ ဒါလေးကိုလည်းပြောပေးပါဆိုပြီးတော့ ကျမတို့ တောင်းဆိုလိုက် တာပေါ့နော်။
မစန်းမော်အောင်။ ။အခုလိုမျိုး မြန်မာနိုင်ငံအရက်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွသူတွေနဲ့ တွေ့ ဆုံမှုတွေကနေပြီးတော့ အားနည်းချက် အားသာချက်တွေကို ထောက်ပြဝေဖန်နိုင်မှုရှိလား၊ ဒီနေ့တွေ့ဆုံမှုကနေ ဘာတွေများအဖြေရှာနိုင်မယ်လို့ အစ်မပြောချင်လဲရှင့်။
မခင်လေး။ ။သူတို့က ကျမတို့ဆီက ထပ်ပြီးတော့ ကျမတို့ဘာလုပ်ချင်လဲဆိုတဲ့ဟာကို တောင်းတဲ့ အခါကျတော့ ဥပမာ ဘယ်ဥပဒေတွေပြင်စေချင်တယ်၊ ဘာတွေပြောစေချင်လဲဆိုတော့ ကျမတို့က ပြောပြလိုက်နိုင် တယ်၊ ဘယ်ဟာတွေကတော့ ကျမတို့ ပြဿနာဖြစ်နေတယ်၊ လောလောဆယ်လုပ်ပေးနိုင်တာ ဘာတွေရှိတယ်၊ အဲ့ဒါတွေကိုတော့ ပြောပေးပါ၊ လုပ်ပေးပါဆိုတဲ့ဟာပေါ့၊ အထိုက်အလျောက်တော့ ကျမတို့ ကျေနပ်ပါတယ်။