သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-31
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာ ဘုရားဝင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပြီးဟောပြောခဲ့ပါတယ်။
2015-01-30
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေအပေါ် အခြေခံပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက စီစဉ် တင်ဆက်ထားပါတယ်။
2015-01-30
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် မိုင်းဒိုင်း ကျေးရွာအုပ်စုထဲမှာ နေထိုင်ကြတဲ့ ကျောင်းနေအရွယ် ကလေးသူငယ်တွေဟာ စားဝတ်နေရေးအခက်အခဲကြောင့် အခြေခံပညာ မသင်ယူနိုင်တာကို တွေ့ရပါတယ်။
2015-01-30
ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွက်က လူနေအိမ်အလုံးတစ်ရာကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ၂ဝ၁၅ ဇန်နဝါရီလ ၃ဝ ရက်နေ့ မနက်ပိုင်းမှာ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
2015-01-30
ချင်းပြည်နယ် ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်မှာ စိုက်ထူထားတဲ့ ဆုတောင်းပြည့် လက်ဝါးကပ်တိုင်ကို ချင်းပြည်နယ်အစိုးရက ဖယ်ရှားခိုင်းတာကြောင့် ၂ဝ၁၅ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ချင်းလူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။
2015-01-30
ပြည်ထောင်စုလွှတ်တော် သက်တမ်း ၄ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ဇမ္ဗူသီရိ ခန်းမမှာ ၂ဝ၁၅ ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-30
အစိုးရက ပြဌာန်းထားတဲ့ ပညာရေးဥပဒေ ပြုပြင်ရေး အတွက် ကျောင်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ် ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-01-30
ပညာရေးဥပဒေကို ဆန္ဒပြနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို အကြမ်း ဖက်တားဆီးမှုတွေ မလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ သဘောထား ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက် ပါတယ်။
2015-01-30
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန်စီမံကိန်း ထဲမှာရှိတဲ့ ကျူးကျော်တဲ ၁၀၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ လူအင်အား ၂၀၀၀ လောက်က ဒီနေ့ အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
2015-01-30
ရွှေသံစဉ်ဂီတ ဖောင်ဒေးရှင်းနဲ့ The Action Times ဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းကောက်ခံထားတဲ့ ငွေကျပ် သိန်း ၁၆၀ ကျော်ကို နတ်မောက်မြို့မှာ ကျင်းပမယ့် ဗိုလ်ချုပ်နှစ် တစ်ရာပြည့် မွေးနေ့ပွဲဖြစ်မြောက်ရေးကော်မတီထံ ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
2015-01-30
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဂိတ်တံခါးနဲ့ အိမ်နံပါတ်ပြားကို ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင် နဲ့ လေလံတင်ရောင်းချသွားမယ်လို့ လက်ဝယ်ပိုင်ဆိုင် ထားသူ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်က ဒီနေ့ ကြေညာလိုက်ပါတယ်။
2015-01-30
ပြည်ထောင်စုလွှတ်တော်က တောင်းဆို ထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ အခုကျင်း ပနေတဲ့ လွှတ်တော်အစည်းအဝေးကာလမှာ ဖြစ်နိုင် ဖွယ်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။
2015-01-30
မန္တလေးမြို့ကနေ ဒီလ ၂ဝ ရက်နေ့က စတင်ထွက် ခွါလာတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် ဆန္ဒပြတဲ့ ကျောင်းသားသပိတ်ဟာ ဒီနေ့ ကျောက် ပန်းတောင်းမြို့မှာ ရပ်နားနေပြီး ဧရာဝတီတိုင်းက ဆန္ဒပြကျောင်းသားတွေနဲ့ မနက်ဖြန်ပူးပေါင်းမှာဖြစ် ပါတယ်။
2015-01-30
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ ဒီနေ့ လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ ဇမ္ဗူသီရိခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-01-30
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက်က နေအိမ် ၁ဝဝ ကျော်ကို ကျီစုစက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ဒီနေ့မနက်မှာ ဝင်ရောက်ဖယ်ရှားခဲ့ပါတယ်။