ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ အတွက် ကောက်ခံငွေကျပ်သိန်း ၁၆၀ လှူဒါန်း


2015.01.30

ရွှေသံစဉ်ဂီတ ဖောင်ဒေးရှင်းနဲ့ The Action Times ဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းကောက်ခံထားတဲ့ ငွေကျပ် သိန်း ၁၆၀ ကျော်ကို နတ်မောက်မြို့မှာ ကျင်းပမယ့် ဗိုလ်ချုပ်နှစ် တစ်ရာပြည့် မွေးနေ့ပွဲဖြစ်မြောက်ရေးကော်မတီထံ ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ရန်ကုန်၊ ပဲခူးနဲ့ မကွေးတိုင်းတွေမှာ လှည့်လည်အလှူခံခဲ့တဲ့ ရန်ပုံငွေဖြစ်တယ်လို့ ရွှေသံစဉ်တေးဂီတအဖွဲ့ ဂီတမှူး ဦးဝင်းမော်က ပြောပါတယ်။

"သန်း ၂ဝဝ ကျော်ရတယ်၊ အဲ့မှာအသုံးစရိတ် ဘာညာဖယ်ပြီးတော့ သိန်း ၁၆ဝ ကျော်ပေါ့ ပြန်လှူလိုက်တယ်၊ အဓိကကတော့ ရန်ကုန်တိုင်းဒေသကြီးမှာများပါတယ်၊ ရန်ကုန်တိုင်းကနေ စထွက်သွားပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး လှည်းကူး၊ ထောက်ကြံ့၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီကနေ ပေါင်းတည်၊ ပြည်အထိရပ်ပြီး တစ်ပတ်ပြည့်သွားတော့ ပြန်လှည့်တယ်"

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီလ ၁၈ရက်နေ့အထိ လှည့်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို နတ်မောက်မြို့မှာ ၇ ရက်ကြာကျင်းပဖို့ စီစဉ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။