သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-11-01
နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ABSDF ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2024-11-01
မြန်မာနိုင်ငံက စားနပ်ရိက္ခာအခက်အခဲအတွက် ဥရောပသမဂ္ဂက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ထောက်ပံ့လိုက်ပါတယ်။
2024-11-01
မုံရွာမြို့နယ်၊ ပုရစ်ကုန်း (တောင်) ရွာကို အောက်တိုဘာ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ တောပုရွာ ပျူစောထီးပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စီးနင်းပြီး CDM ကျောင်းဆရာနဲ့ ရွာသားတစ်ဦးကို ဖမ်းဆီးပြီး ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
2024-11-01
ညောင်ဦးထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဝင်းတင်လေးဟာ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူနေရင်း သေဆုံးသွာပါတယ်။
2024-11-01
ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်အားလုံးကို တစ်နေ့ လေးနာရီသာ လျှပ်စစ်မီးပေးတော့မယ်လို့ စစ်ကောင်စီက ပြောပါတယ်။
2024-11-01
အရင်က စက်သုံးဆီတစ်လီတာကို ကျပ်ငါးထောင်ခန့်သာရှိပေမဲ့ လက်ရှိမှာ ကျပ်တစ်သောင်းအထိ ပေးဝယ်နေရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
2024-11-01
ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် တစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-11-01
ပန်ဝါမြို့ကို KIA က သိမ်းယူပြီးနောက်မှာ တရုတ်က လျှပ်စစ်၊ ဓာတုပစ္စည်းနဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တဲ့အတွက် သတ္တုတူးတဲ့လုပ်ကွက်တွေ တော်တော်များများ ရပ်နားလိုက်ရပြီလို့ စုံစမ်းသိရှိရပါတယ်။
2024-11-01
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အိုင်ပေါင်းချောင်ရွာခံ ၃၇ ဦး သုံးရက်ကြာတဲ့အထိ ပြန်မလွတ်သေးပါဘူး။
2024-11-01
ချီဖွေမြို့နယ် ကချင်အထူးဒေသ (၁) ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အမှတ်-၁၀၀၁ နယ်ခြားစောင့်တပ်ရင်းကို (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2024-11-01
ရွှေအရောင်းအဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလို့ စစ်ကောင်စီက ထိန်းချုပ်လိုက်တဲ့အတွက် မှောင်ခိုစျေးကွက် ကြီးလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေ သုံးသပ်နေကြပါတယ်။
2024-11-01
စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့် နှစ်ဦးအပါ အရာရှိနဲ့ အခြားအဆင့် စစ်သည်အဆင့် ၆၁ ဦး CDM မှာ ပါဝင်လာတယ်လို့ NUG က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။