သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-29
ပဲခူးတိုင်း ဆွာချောင်းရေလှောင်တမံက ရေပိုလွှဲ ဒီနေ့မနက်က ပေါက်သွားတာကြောင့် လူဦးရေ ၆ သောင်းကျော် အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။
2018-08-29
ဆွာချောင်းရေလှောင်တမံ ရေပိုလွဲကျိုးပေါက်ပြီး ရေဆင်းမှု များတာကြောင့် တစ်ခြမ်းနိမ့်သွားတဲ့ ဆွာချောင်းတံတားကို စစ်ဆေးနေတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက မေးမြန်းထားပါတယ်။
2018-08-29
မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ လူထုတွေ့ဆုံပွဲမှာ ပါတီအလံနဲ့ တံဆိပ်တွေသုံးစွဲတာ ဥပဒေနဲ့ ညီ မညီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ယေဘုယျဆန်တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
2018-08-29
ARSA ခေါ် ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ဟာ ရိုဟင်ဂျာတွေရဲ့အကျိုးကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ သူတို့ကြောင့် ရိုဟင်ဂျာတွေ ဒုက္ခဆင်းရဲ ရောက်ခဲ့ရတာကို စဉ်းစားမိပုံ မရဘူးလို့ အမေရိကန်စစ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ ဇာကရီ အဘူဇာက ဝေဖန်လိုက်ပါတယ်။
2018-08-29
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းတစ်ဝက်အတွင်း ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာ တစ်စောင်ကို နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့် ကြည့်ရေးအဖွဲ့ (ICG) က သြဂုတ်လ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2018-08-29
ရှမ်းပြည်နယ် ကျိုင်းတုံကို သွားလာခွင့် တားမြစ်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေထဲက ၄၀ ဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-08-29
နီပေါနိုင်ငံကိုရောက်ရှိနေတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နီပေါသမ္မတတို့ဟာ ဗုဒ္ဓရှင်တော် ဖွားတော်မူရာ လုမ္ဗဏီဥယျာဉ်ကို သီးခြားစီ သွားရောက်ကြမှာ ဖြစ်တဲ့အတွက် လုမ္ဗဏီမှာ လုံခြုံရေးတင်းကြပ် ထားပါတယ်။
2018-08-29
နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးကို အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့ အမေရိကန်အစိုးရ က မျှော်လင့်နေကြောင်း အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီက ပြောလိုက်ပါတယ်။
2018-08-29
ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကန်ကြီးနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅၊ အစိုးရတပ်မတော် နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့အကြား ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကန်ညီနောင်ကျေးရွာသား ၄၀၀ လောက်ဟာ မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။
2018-08-29
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က တောင်ကြီးမြို့မှာ စက်တင်ဘာလဆန်း ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို မပြုလုပ်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ SNLD ပါတီအတွင်းရေးမှူး စိုင်းကျော်ညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-29
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တခြားတပ်မတော်နဲ့ဆက်စပ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က စုစည်းတင်ပြထားပါတယ်။
2018-08-29
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူနိုင်မှာ မဟုတ်ဘူးဆိုပြီး ဗိုလ်ချုပ်ကြီးတွေအနေနဲ့ စိတ်အေးလက်အေး မနေသင့်ဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။
2018-08-29
မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ လူထုတွေ့ဆုံပွဲမှာ ပါတီအလံနဲ့ တံဆိပ်တွေသုံးစွဲတာ ဥပဒေနဲ့ ညီ၊ မညီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ယေဘုယျဆန်တယ်ဆိုပြီး ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
2018-08-29
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလောင်တမံ ရေပိုလွှဲ ကျိုးပေါက်တာကြောင့် အနီးအနားဒေသတွင်း ရေကြီးခဲ့တဲ့အတွက် ဆွာမြို့နဲ့ ရေတာရှည်မြို့က ကျေးရွာ ၈၅ ရွာ ရေနစ်မြုပ်ပြီး လူ ၇ ယောက် ပျောက်ဆုံးနေတယ်လို့ ရေတာရှည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
2018-08-29
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်ဇ် က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ မြန်မာ တပ်ဖွဲ့တွေရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေနဲ့ အဲဒီလို လုပ်ဆောင် ခဲ့မှုတွေအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦး ကို စွဲချက်တင်စစ်ဆေးရန် အကြံပေးချက်တွေကို အဖွဲဝင်နိုင်ငံတွေ လေးလေးနက်နက် စဉ်းစားကြဖို့ လုံခြုံရေးကောင်စီမှာ မနေ့က ပြောကြား လိုက်ပါတယ်။