သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-29
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံရဲ့ မနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ အစီအစဉ် မှာ ပြင်ပပညာရှင်တစ်ဦးက စစ်အာဏာရှင်များရဲ့ လုပ်ရပ်တွေကို ဗမာများက ပြုလုပ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပြောကြားခဲ့တာကြောင့် ညီလာခံတက်ရောက်နေတဲ့ ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တွေက မနေ့က ကန့်ကွက်ကြောင်း ညီလာခံကို စာနဲ့တင်ပြပါတယ်။
2016-07-29
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင် တိုင်းရင်းသား ၃ဝ လောက်ကို တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က တပ်သားသစ် စုဆောင်းတဲ့အနေနဲ့ အခုလ ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့် ပလောင်တိုင်းရင်းသားဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-07-29
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆ လအတွင်း အခွန်ငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက် တဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာ ကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေး ကြပါတယ်။
2016-07-29
နာမည်ကျော်စေတနာရှင် စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဦးစိုးတင့်က သိန်း ၈၀၀၀ ကျော် အကုန်အကျခံပြီး ပျဉ်းမနားမြို့မှာ ဆောက်လုပ်လှူဒါန်းထားတဲ့ အ လ က (၁) ကန်နားကျောင်း လေးထပ်အဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့တဲ့အတွက် ရပ်ဆိုင်းထားဖို့နဲ့ ဒီညွှန်ကြားချက်ကို မလိုက်နာရင် တရားစွဲမယ့်အကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားစာပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ဖောင်ဒေးရှင်းပြောခွင့်ရသူ ဦးအောင်ချို ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-29
မြန်မာ့အရေးမှာ တရုတ်နိုင်ငံပါဝင်နေတဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။
2016-07-29
လယ်ယာမြေပြဿနာတွေ ဖြေရှင်းပေးဖို့ အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေကို ဖျက်သိမ်းလိုက်ပါပြီ။ ခုအစိုးရသစ်လက်ထက်မှာ အဆင့်ဆင့် ဖွဲစည်းရမယ့် လယ်ယာမြေစိစစ်ရေးကော်မတီတွေအကြောင်း တောင်သူလယ်သမားကွန်ရက်အဖွဲ့က ဦးဇော်ရမ်း ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-29
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် (၂) နှစ်အောက် ကလေးငယ် လူစုစုပေါင်း တစ်သောင်းအတွက် လစဉ်ငွေထောက်ပံ့ပေးတဲ့အစီအစဉ်ကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) က စတင်လိုက်ပါတယ်။
2016-07-29
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ပန်းရောင် အလုပ်လုပ်ခွင့် ကဒ်ပြားတွေပြုလုပ်ခွင့် သက်တမ်းကုန်ဆုံးတော့မှာနဲ့ ပတ်သက်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမား အခွင့်အရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်သောင်း ကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-29
ဇူလိုင် ၂၇ ရက်နေ့ကစပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံက ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီရဲ့ ပြောခွင့်ရသူ ကိုခွန်ထွန်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-29
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ သစ်ခိုးထုတ်သူတွေကို ဖမ်းတဲ့ ရယက နဲ့ ရဲဝန်ထမ်းတွေက အရေးယူခံရသူတွေ နဲ့ ထောင်ကျသူတွေရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ တင်ပြဆွေးနွေး ပါတယ်။
2016-07-29
ကချင်ပြည်နယ်အစိုးရက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို တစ်နှစ်ပတ်လုံး သွားလာနိုင်အောင် ပြင်ဆင်ပေးဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော်မှာ ပြောပါတယ်။
2016-07-29
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ် အတွင်း အခွန်ငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက် တဲ့ ပြည်သူ့ငွေစာရင်းကော်မတီ အစီရင်ခံစာ ကို ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင်လ (၂၈) ရက်နေ့ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-29
မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေးသား ၂ ရာလောက်ဟာ သူတို့စုဆောင်းထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစား လုပ်လိုက်တဲ့အပေါ် သက်ဆိုင်ရာက အရေးယူပေးဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-07-29
စာသင်ကျောင်း မုန့်ဈေးတန်းတွေမှာ အန္တရာယ်ရှိတဲ့ဆိုးဆေးတွေ အသုံးပြု ထားတဲ့ အစားအသောက် ရောင်းချတာတွေကို ကြီးကြပ်ကွပ်ကဲသွားဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဦးစီးပြီး မကွေးမြို့မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်
2016-07-29
ထိုင်း-မြန်မာနယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားပေးဖို့အတွက် အစိုးရ၊ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ "လေးကေ့ကော်" မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။