သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-27
ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းခဲ့ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နော်အုန်းလှကို ဒဂုံမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2015-06-27
(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး ပြသခဲ့ပါတယ်။
2015-06-27
ကယားပြည်နယ်မှာ ဒီနှစ်မိုးနောက်ကျတဲ့အတွက် ဒေသခံ လယ်သမားတွေ စပါးစိုက်ပျိုးဖို့ ရေ အလုံအလောက် မရရှိဘဲ အခက်တွေ့နေကြပါတယ်။
2015-06-27
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အမေရိကန် ဒေါ်လာ ၂၄၅ သန်းဖိုးနီးပါးရှိ မူးယစ်ဆေးဝါး ပစ္စည်းတွေ ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်တဲ့မနေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့မှာ သက်ဆိုင်ရာက နိုင်ငံခြား သံတမန်တွေ မီဒီယာ သမားတွေကို ဖိတ်ခေါ်ပြသပြီး မီးရှှို့ ဖျက်ဆီးခဲ့ပါတယ်။
2015-06-26
ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ အတွင်းမှာ အစိုးရတပ်နဲ့ တအာင်း လွတ်မြောက်ရေး တပ်တွေအကြား အခု ရက်ပိုင်းမှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
2015-06-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းမှော်ရွာက ရတနာရောင်ခြည် ကျောက်စိမ်းလုပ်ကွက် မှာ ဒီနေ့ မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒါဏ်ရာရရှိခဲ့ပါတယ်။
2015-06-26
ပြစ်ဒဏ် ၄ နှစ် ၈ လချမှတ်ခံထားရပြီး သားဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူ နော်အုန်းလှကို ပုဒ်မ ၂၉၆ ဘာသာရေးနှောင့်ယှက်ဖျက်စီးမှုနဲ့ ရန်ကုန်မြို့ ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2015-06-26
လာမယ့်၂ဝ၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဒီနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
2015-06-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင် ဆင်ဖို့ အဆိုပြုထားတဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၃ဝ လောက်ကို လွှတ်တော်ကိုယ်စားလှယ် ၆၃ ဦးက လာမယ့် ဇွန်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ စတင်ဆွေးနွေးမှာဖြစ်ပါတယ်။
2015-06-26
လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားမလည်ကြဘဲ ဆွေးနွေးတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှွေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ သတိပေးပြောကြားခဲ့ပါတယ်။
2015-06-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)၊(ဃ)၊ ပုဒ်မ ၄၃၆(က)၊(ခ)၊ ပုဒ်မ ၄၁၈ (ခ)နဲ့ ပုဒ်မ ၆ဝ (ဂ)တို့ကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် မှာ ၃ ရက်ကြာဆွေးနွေးပြီးခဲ့ပြီး ဒီနေ့ မဲခွဲဆုံးဖြတ် လိုက်ပါတယ်။
2015-06-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ (က) နဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို မပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2015-06-26
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်း ကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ် ရာမှာ အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေး ပုဒ်မ ၄၃၆ (က) နဲ့၊ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို လွှတ်တော် ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲပေးခဲ့ကြ ပါတယ်။
2015-06-26
ပြည်ထောင်စုလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ တွေနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-06-26
ရှမ်းပြည်နယ် တောင်ကြီးမြို့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဆက်ဆံရေးရုံးမှာ ဂျပန်နီပွန် ဖောင်ဒေးရှင်းက ပဋိပက္ခဖြစ်ပွားတဲ့နေရာ မှာနေထိုင်တဲ့ တိုင်းရင်းသားတွေအတွက် ဆေးခြင်ထောင်၊ ဆိုလာပြားနဲ့ ဆန်အိတ်တွေကို မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။