သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-26
တပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြန်လွတ်လာပါတယ်။
2021-02-25
ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက်က စစ်အစိုးရဆန့်ကျင်ရေး သိန်းနဲ့ချီ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အင်အားသုံးလူစုခွဲခဲ့ပါတယ်။
2021-02-25
နေပြည်တော်နယ်မြေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးမင်းသူဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း နှစ်နာရီခန့်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် တစ်ဦးက အတည်ပြုပါတယ်။
2021-02-25
ရန်ကုန်မြို့မှာ အာဏာသိမ်းမှုဆန့်ကျင်လှုပ်ရှားသူတွေက သနပ်ခါးတွေလိမ်းကျံပြီး မနေ့က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြချိန်မှာ တပ်မတော်ကို ထောက်ခံသူတွေကတော့ တုတ်၊ ဓါးလက်နက်တွေနဲ့ လှည့်လည်ရင်း အများပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။
2021-02-25
စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင် ခြောက်ဦးကို ဗြိတိန်နိုင်ငံက မနေ့က ပြစ်ဒဏ်ခတ် အရေးယူ ပိတ်ဆို့လိုက်ပါတယ်။
2021-02-25
ရန်ကုန်အကြမ်းဖက်မှု တစ်ရက်တည်း ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး၊ တာမွေမှာ ပစ်ခတ်နှိမ်နင်း အဖမ်းခံရသူ ဒါဇင်နဲ့ချီရှိခဲ့ပါတယ်။
2021-02-25
ဖမ်းဆီးခံရတဲ့ နေ့ကတည်းကစလို့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး၊ လေးရက်မြောက်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ဆေးရုံက ဆက်သွယ်လာတာကြောင့် မိသားစုဝင်တွေဟာ မန္တလေးမြို့ ၆၂လမ်း နဲ့ ၁၁ လမ်းမှာရှိတဲ့ စစ်ဆေးရုံကို လိုက်သွားချိန်မှာတော့ ကိုရာဇာအောင် အသက်သေဆုံးနေပြီဖြစ်ပါတယ်။
2021-02-25
စစ်အာဏာသိမ်းမှုကို စတင်ကန့်ကွက်ဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ သေနတ်ကျည်ဆန်ထိမှန်လို့ သုံးယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေနဲ့ အဖမ်းခံထားရသူတွေ အများအပြားရှိပါတယ်။ RFA ရဲ့ ကနဦးအတည်ပြုချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ သေဆုံးတဲ့သူ ရှစ်ဦးရှိသွားပါပြီ။
2021-02-25
CMP လက်ခစားအထည်ချုပ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်ပအပ်ထည်တွေ ဆုံးရှုံးခဲ့ရတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေခဲ့ရပြီး ကာကွယ်ဆေးရောင်ခြည်သန်းမှုကြောင့် အထည်ချုပ်လုပ်ငန်းတွေက အပ်ထည်တွေပြန်ရမယ့်အခြေအနေမှာ စစ်တပ်အာဏာသိမ်းလိုက်လို့ ပြည်ပအပ်ထည်တွေ ပြန်လည်ဆုံးရှုံးသွားကြပြီဖြစ်ပါတယ်။
2021-02-25
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် သံဃာတော်တွေ ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသလိုတာကြောင့် ဆန္ဒပြတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။
2021-02-25
တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၂၅ ရက်ရှိပြီဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နိုင်ငံအနှံ့မြို့နယ်အများစုမှာ ဒီနေ့လည်းဆက်လက် အားကောင်းနေပါတယ်။ ရန်ကုန်မြို့လယ် ဆူးလေမှာတော့ တပ်မတော်ထောက်ခံ ဆန္ဒပြသူတွေက သူတို့ကို ကန့်ကွက်သူတွေကို တုတ်၊ ဓားလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ တာကြောင့် တစ်ဦးဓားထိုးခံရပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိပါတယ်။
2021-02-25
အောင်ဆန်းသူရိယလှသောင်း တပ်မတော် အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားဟောင်း ၃၀ ကျော်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မှာ ကမာရွတ်မြို့နယ်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
2021-02-25
၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ်၊ နေပြည်တော် ပျဥ်းမနားမြို့ ၂၂၂၂၂ လူထုလှုပ်ရှားမှု အတွင်း အဖမ်းခံခဲ့ရသူ ခြောက်ဦးအနက်၊ ငါးဦးကို နေပြည်တော် အကျဥ်းထောင် ကြီးမှာ ဆက်လက်ချုပ်နှောင်ထားပြီး ကျန်တစ်ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲလို့ သူတို့အားလုံးကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။
2021-02-25
စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အမျိုးသမီး သတင်းထောက် နှစ်ဦးကို တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ မုံရွာမြို့မရဲစခန်းက အမှုဖွင့်ပြီး ဒီနေ့မနက် ၁၀ နာရီခန့်က အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ်။
2021-02-25
ရန်ကုန်မြို့လယ်ခေါင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒီနေ့ တပ်ထောက်ခံသူတွေက လမ်းသွားလမ်းလာတွေကို တုတ်၊ ဓားလက်နက်တွေနဲ့ ရန်ရှာတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။