သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-26
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ဘောက ထ ရေအားလျှပ်စစ်စီမံကိန်းကို KNU ကရင်အမျိုးသား အစည်းအရုံးပိုင် သူးလေကုမ္ပဏီက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန် လွှာ ရေးထိုးခဲ့တာဟာ လေ့လာဆန်းစစ်ဖို့အတွက်သာ သဘောတူခဲ့တာဖြစ်တယ်လို့ ရန်ကုန်မြို့ဗဟန်းမြို့နယ် Green Hill Hotel မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
2016-02-26
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁၇၅ ယောက်ထဲက ၁၆၀ ကို ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းသူတွေ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-02-26
ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ နိုင်ငံပိုင်မြေ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရဝန်ကြီးဌာနတွေက လာရောက်ဖြေကြားရှင်းလင်းနိုင်ဖို့ လွှတ်တော်က ဖိတ်ကြား ခဲ့ပေမယ့် ဝန်ကြီးဌာနတွေကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိကြောင်း အစိုးရက အကြောင်းကြားထားတယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ကြေညာလိုက်ပါတယ်။
2016-02-26
ပြီးခဲ့တဲ့ရက်ပိုင်းက မကွေးတိုင်းဒေသကြီး မှာ လေးတန်းနဲ့ ရှစ်တန်း အတန်းတင် စာမေးပွဲ မေးခွန်းပေါက်ကြားမှုနဲ့ ပတ်သက် ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ နောင်မှာ အလားတူကိစ္စရပ်တွေ မဖြစ်ပေါ်စေဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်က တင်သွင်းရာ လွှတ်တော် မှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-02-26
အစိုးရသစ်ထံ တာဝန်မလွှဲပြောင်းမီကာလ အတွင်း လက်ရှိအစိုးရကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ရည်ရွယ်ချက်မျိုးရှိတယ်လို့ ယူဆရတဲ့ လွှတ်တော်မှာ တင်သွင်းတဲ့အဆိုတွေကို ပြည်ထောင်စု အစိုးရအဖွဲ့က သွားရောက်ရှင်းပြမှာ မဟုတ်ဘူး လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2016-02-26
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက် တီဒေသက ဘိန်းစိုက်ခင်းတွေကို သွားရောက် ဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက် ခံရတာကို မကျေနပ်တဲ့ ကချင်တိုင်းရင်းသား ၅ထောင်ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-02-26
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသတဝိုက်မှာရှိတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးတဲ့ Pat Jasan ပတ်ဂျာဆန် ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခွဲတွေ ဟာ နှစ်ကြိမ်လောက် တိုက်ခိုက်ခံရပြီး အကူအညီပေးဖို့ သွားတဲ့ယာဉ်တန်းလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2016-02-26
ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးမယ့် လူထုအခြေပြု အရပ်ဘက်အဖွဲ့တွေကို အကာအကွယ်ပေးဖို့နဲ့ ထောက်ပံ့မှုတွေ အမြန်ဆုံးပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုနဲ့ ပတ်သက် ပြီး ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ ရှင်းလင်းတင်ပြခြင်းမရှိကြောင်း လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာပြီးနောက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2016-02-26
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ လူနေမှုဘ၀ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေပေးဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ဒီနေ့ ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-02-26
လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သိရှိလိုတယ်ဆိုရင် ဝန်ကြီးဌာနတွေကို တိုက်ရိုက်မေးမြန်းနိုင်သလို လွှတ်တော်မှာ ခေါ်ယူမေးမြန်းနိုင်ပေမယ့် ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတင်သွင်းတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2016-02-25
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပင်လယ်ဖြတ် ရွှေ့ပြောင်းကြသူတွေထဲက လေးရာနီးပါး သေဆုံးခဲ့ကြပါတယ်။
2016-02-25
ကချင်ပြည်နယ်မှာ ဘိန်းခင်းတွေကိုဖျက်ဆီးမယ့် လူထုအခြေပြု အရပ်ဘက်အဖွဲ့တွေကို အကာအကွယ်ပေးဖို့နဲ့၊ ထောက်ပံ့မှုတွေ အမြန်ဆုံးပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆို ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2016-02-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရခိုင့်တပ်မတော် Arakan Army နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရွှေ့ပြောင်းခံခဲ့ရတဲ့ အိမ်ထောင်စု ၂ဝ ကျော်ဟာ နယ်မြေအခြေအနေကြောင့် မူလနေထိုင်ခဲ့တဲ့ကျေးရွာတွေကို ပြန်ခွင့်မရသေးပါဘူး။
2016-02-25
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ၆၉ နှစ်မြောက် မွန်အမျိုးသားနေ့ ဖြစ်ပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့က မနက်ပိုင်းက မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပခဲ့သလို ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာလည်း ကျင်းပခဲ့ပါတယ်။
2016-02-25
ရခိုင်ပြည်နယ် နယ်စပ်ဒေသတွေနဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေ နေထိုင်တဲ့နေရာတွေမှာ တာဝန်ပေးအပ်ဖို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ရဲတပ်သားတွေကို စစ်တွေမြို့မှာ သင်တန်းပေးနေပါတယ်။