သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ဖို့ နိုဝင်ဘာလကုန်မှာ သွားရောက်မှာ ဖြစ်ပါတယ်။
2017-11-27
ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ ၄ ရက်တာ ကြာမြင့်မယ့် သမိုင်းဝင်ခရီးစဉ်အဖြစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။
2017-11-27
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော်ကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-27
ရှမ်းပြည်နယ်မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား နေရာရွေးချယ်မှုအခက်အခဲကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင်စေ့စပ်ပေးတဲ့အတွက် ပြေလည်မှုရရှိခဲ့ပါတယ်။
2017-11-27
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြုလုပ်မယ့် လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို ပထမဆုံးအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2017-11-27
မြန်မာနိုင်ငံမှာ ဘာသာရေးခွဲခြားဆက်ဆံတာမရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို ပြောကြားခဲ့ပါတယ်။
2017-11-27
နေပြည်တော်က လွှတ်တော် အဆောက်အဦးကို ဒရုန်းနဲ့ ရိုက်ဖို့ကြိုးစားသူတွေထဲက နိုင်ငံခြားသား သတင်းသမား ၂ ယောက်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁) နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက ဒီကနေ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2017-11-27
ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ဌာနေ တိုင်းရင်းသားတွေကို ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုင်းရင်းသားကျေးရွာတွေ တိုးချဲ့ချထားပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2017-11-27
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာနေထိုင်တဲ့ မမြနန္ဒခင်လို့ အမည်ရတဲ့ အမျိုးသမီးငယ်တစ်ဦးကို အစိုးရက ဦးစွာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးမှ သူ့ရဲ့မိဘနှစ်ပါးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တဲ့ကိစ္စကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2017-11-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2017-11-27
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပပြီး သဘောတူဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
2017-11-27
ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို သောင်းနဲ့ချီတဲ့ ကက်သလစ်ဘာသာဝင်တွေက သတ်မှတ်ထားတဲ့နေရာ ၆ ခုမှာ ကြိုဆိုခဲ့ကြပါတယ်။
2017-11-27
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး လူထုငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ကို တနင်္သာရီတိုင်းဒေသကြီးက မြို့ ၉ မြို့မှာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
2017-11-27
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကူညီပေးနေသူတွေက ဒီနေ့ ပြောပါတယ်။
2017-11-27
ဝန်ကြီးဌာနအသစ်နှစ်ခု တိုးချဲ့ဖွဲ့စည်းဖို့ သမ္မတက ပေးပို့ထားတဲ့ သဝဏ်လွှာကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် အသစ်ခန့်အပ်ထားတဲ့ ဝန်ကြီးတွေဟာ နိုဝင်ဘာလ ၂၄ ရက်နေ့က လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။