သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-29
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ်အခြေစိုက် အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က RFA ကို ပြောပါတယ်။
2024-10-29
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်မခံနိုင်တာကြောင့် အရေးယူမှုအသစ်တွေ ထပ်တိုးချမှတ်လိုက်တာလို့ ဗြိတိန်အစိုးရက ပြောပါတယ်။
2024-10-29
ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာက ဦးရဲအောင် (ခ) ကိုချင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။
2024-10-29
စစ်ကောင်စီဘက်က တရားမဝင်ကုန်စည်ဆိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပကုန်ပစ္စည်းတွေ ပြတ်လပ်လာပါတယ်။
2024-10-29
လွိုင်ကော်မြို့နယ်မှာ မိုးစပါးတွေ စတင်ရိတ်သိမ်းနေကြပြီး ရိတ်သိမ်းထားပြီးသား စပါးတွေကို စစ်ကောင်စီတပ် စစ်ဆေးရေးအရ ဂိတ်တွေကနေ မြို့နယ်ဖြတ်ကျော် သယ်ယူခွင့်ကို တားမြစ်ထားပါတယ်။
2024-10-29
ပုလောမြို့နယ်မှာ ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ အောက်တိုဘာလ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး လူနှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-29
ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ် ခုနှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2024-10-29
စစ်ကောင်စီ ဖမ်းဆီးအကျဉ်းချထားတဲ့ NLD လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် မန္တလေးဆေးရုံကြီးက အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရစဉ် အောက်တိုဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ လွတ်ငြိမ်းသက်ခွင့် ပေးလိုက်တယ်လို့ ပြောပါတယ်။
2024-10-29
အမ်းမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အမ်းဒေသခံတွေက RFA ကို ပြောပါတယ်။
2024-10-29
နိုင်ငံတစ်ဝန်းက အကျဥ်းထောင် ဆယ်ခုထက်မနည်းမှာ အကျဥ်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်ကို မေးမြန်းကောက်ယူနေတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
2024-10-29
MDY-PDF ရဲ့ စစ်ဆင်ရေးတွေမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းကေန ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၂ ဦးသေဆုံးပြီး ခြောက်ဆယ်ဝန်းကျင် ဒဏ်ရာရသွားပါတယ်။
2024-10-29
ဒီကျောင်းက ကလေးတွေဟာ ဒေသမတူ၊ လူမျိုးမတူတဲ့သူတွေဖြစ်ပေမဲ့ လူမျိုးနဲ့တိုင်းပြည်ကို ချစ်တတ်၊ တန်ဖိုးထားတတ်ဖို့၊ အဓိကထား သင်ပေးနေပါတယ်။
2024-10-29
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲရွာကို အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-28
ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အဲဒီရပ်ကွက်မှာနေထိုင်တဲ့ ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-28
UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်းမှာ ကုန်ပစ္စည်းတွေ စျေးတင်ရောင်းရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ “ဝ” ဗဟိုအစိုးရ အာဏာပိုင်တွေက အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။