သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-27
ဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် မနေ့ညက ဖမ်းမိခဲ့တယ်လို့ မြို့နယ်ရဲစခန်းမှူး စိုးဝင်းက RFA ကို အတည်ပြုပြောပါတယ်။
2021-01-27
နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အဲဒီနေ့မှာ ပြည်ထောင်စုအစိုးရ၊ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
2021-01-26
ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ မြန်မာတစ်နိုင်ငံလုံးက ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တာဝန်ယူ နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးခွင့်ရကြပါတယ်။ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကာကွယ်ဆေးရပြီဆိုပြီး ကျန်းမာရေးသတိမပေါ့ဆဖို့ သတိပေးလိုက်ပါတယ်။
2021-01-26
တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို သတင်းဌာနတခုက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ ပြောနိုင်ပါသလားလို့ မေးမြန်းခဲ့ရာမှာ အဲဒီလို မမှတ်ယူနိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး အများပြည်သူအကြား စစ်တပ်က အာဏာသိမ်းနိုင်ပုံကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
2021-01-26
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဝီရသူကို အမြန်ဆုံး ရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်သံဃာတချို့ကို ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့က ဒီကနေ့ ခေါ်ယူ သြဝါဒပေးခဲ့ပါတယ်။
2021-01-26
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးက ပန်ဆေးပြည်သူ့စစ်စခန်းမှာ ဇန်နဝါရီ လ၂၃ ရက် နေ့ မနက် ၈ နာရီလောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပြီး တပ်စိတ်မှူး တာဝန်ယူထားတဲ့ အသက် လေးဆယ်ကျော်အရွယ် ဦးရင်ကျိုင်း ဆိုသူ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-01-26
ရွေးကောက်ပွဲ အငြင်းပွားနေတဲ့ကိစ္စရပ်တွေကို လက်ရှိအာဏာရ NLD အစိုးရက မဖြေရှင်းပေးဘူးဆိုရင် တပ်မတော်ဘက်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-01-26
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့ တပ်မတော်နဲ့ အတိုက်အခံ နိုင်ငံရေးပါတီတချို့က တောင်းဆိုနေပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဖြေရှင်းတာဟာ တိုင်းပြည်ကို နိုင်ငံရေးအကျပ်အတည်းထဲ တွန်းပို့သလို့ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
2021-01-26
ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူဖြေရှင်းပေးဖို့ တပ်မတော်က အကြိမ်ကြိမ် ပြောနေပေမယ့် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဥပဒေကို လိုရာဆွဲပြီး လက်တစ်လုံးခြားလုပ်တဲ့ သဘောမျိုးတွေ့ရလို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပါတယ်။
2021-01-26
ရှမ်းပြည်နယ် မြို့နယ် လေးခုက ဒေသခံတွေက နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်း သုံးခုကို ရပ်တန့်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ စာပေးပို့တာနဲ့ ပတ်သက်ပြီး ဦးဆောင်သူ သုံးယောက်ကို ဌာနဆိုင်ရာတချို့က သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၂၅ ရက် မနေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2021-01-26
ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ရှမ်းမျိုးနွယ်စုတွေကို မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေ၊ ငွေကြေးကောက်ခံတာတွေနဲ့ ကလေးစစ်သား စုဆောင်းနေတာတွေကို ရပ်ဆိုင်းပေးဖို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ SEA က ဦးဆောင်ပြီး မိုးညှင်းဒေသခံ တစ်ရာငါးဆယ်ခန့်ဟာ မြို့ပေါ်မှာ ဒီနေ့လှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။
2021-01-26
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သူတို့ သတင်းထောက် နှစ်ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထား တဲ့ကိစ္စနဲ့ပတ်သက်လို့ သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC နဲ့ ညှိနှိုင်းဖြေရှင်းဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။
2021-01-26
ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဧရာဝတီတိုင်းထဲက ကမ်းခြေတွေကို ခရီးသွားလာခွင့် ပိတ်ထားတာ ၁၀ လကျော်ကြာမြင့်နေပါပြီ။ ကမ်းခြေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း လုပ်နေကြသူတွေလည်း စားဝတ်နေရေး ခက်ခဲနေပါတယ်။
2021-01-26
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးနဲ့ မအူပင်ကားမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုး၊ ရေဆိုးနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်နေတာကို အရေးယူပေးဖို့ ဒေသခံတချို့က ရန်ကုန်တိုင်းဝန်ကြီး ချုပ်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ဒီနေ့မှာ တိုင်းအစိုးရရုံးရှေ့မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2021-01-25
ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံက လှူဒါန်းလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်သန်းခွဲကို မြန်မာနိုင်ငံမှာ စတင်ထိုးပေးပါတော့မယ်။ ပြည်သူ တချို့ကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျ မသိရသေးလို့ စိုးရိမ်မှုတွေ ရှိနေပြီး ဆေးမထိုးချင် ဖြစ်နေပါတယ်။ ဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ သတင်းအချက်အလက်အပြည့်အစုံ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုနေပါတယ်။