သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-01
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေ အဓမ္မပြုကျင့်ခံရမှုတွေ များလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အသိပညာပေးရေးလုပ်ငန်းတွေ လိုအပ်နေပြီလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း က ပြောပါတယ်။
2018-03-01
RFA လွတ်လပ်တဲ့အာရှအသံကနေ စင်ကျန်းဒေသ က အတိမ်းအစောင်းမခံတဲ့ သတင်းတွေ ထုတ်လွှင့် တဲ့အတွက် ဝှီးဂါးသတင်းဌာန ဝန်ထမ်းလေးဦးရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကို တရုတ်အာဏာ ပိုင်တွေက ဖမ်းဆီးထိန်းသိမ်းတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-03-01
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံခြံစည်းရိုးအနီးမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ပိုမိုတပ်စွဲလာနေ တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။
2018-03-01
ဒုက္ခသည်အရေးကိစ္စအတွက် မြန်မာအစိုးရ၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် ဗြိတိန်ပါလီမန်အမတ်အဖွဲ့ ကို ပြည်ဝင်ခွင့်ဗီဇာ မပေးတဲ့အတွက် အလွန်တရာ စိတ်ပျက်မိတယ်လို့ ဗြိတိန်ပါလီမန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးကော်မတီ CIDC ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
2018-03-01
ကချင်ပြည်နယ် ပူတာအိုနဲ့ ဆွမ်ပရာဘွမ်မှာ စစ်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်နေပြီး လောင်စာဆီ ဈေးနှုန်းတွေ ၇ ဆလောက် တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
2018-03-01
ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရတယ်လို့ ယူဆရသူ မြန်မာနိုင်ငံသား ၁၆ ယောက်ကို မနေ့က မြဝတီမြို့မှာ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ အလုပ်သမားတွေကို မွန်ပြည်နယ် လူမှုဝန်ထမ်းဂေ ဟာမှာ စောင့်ရှောက်ထားပါတယ်။
2018-03-01
လူကုန်ကူးခံရတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၁၆ ယောက်ကို ထိုင်းတာဝန်ရှိသူတွေက မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေထံ လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
2018-03-01
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဧပြီလကုန် မေလဆန်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့နဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပခဲ့စဉ်ကလို အားနည်းချက် လိုအပ်ချက်တွေ မရှိစေဖို့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-03-01
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီမတ်လဆန်းမှာ သီးသန့်တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
2018-03-01
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ရက်အတိအကျ မသတ်မှတ်နိုင်သေးပေမယ့် လာမယ့် ဧပြီလကုန် မေလဆန်းမှာ ကျင်းပသွားမယ်လို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆုံးဖြတ်လိုက်ပါတယ်။
2018-03-01
အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူ ရဲ့ အင်တာနက်လူမှုကွန်ယက် Facebook အကောင့်ကို အပြီးအပိုင်ပိတ်ပင်လိုက်ကြောင်း Facebook တာဝန်ရှိသူက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်ပါသည်။
2018-03-01
နိုင်ငံတော်လိျှု့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ- ၃ နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုမိုးအောင် (ခ) ကိုကျော်စိုးဦး တို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2018-03-01
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-03-01
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ “ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးကော်မတီ” က ဦးဆောင်ပြီး “၂ဝ၁၇ ခုနှစ်ကျောက်မျက်ရတနာဥပဒေကြမ်း” ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။