သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-07
ရိုက်တာသတင်းထောက် နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က သတင်းထောက်တွေနဲ့ အရပ်ဖက်အဖွဲ့ဝင်တွေ ဒီနေ့ မော်လမြိုင်မြို့မှာ လမ်းလျှောက်ဆန္ဒပြ ခဲ့ပါတယ်။
2018-09-07
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးကာ ၄ ဦးပိတ်မိနေတယ်လို့ သိရပါတယ်။
2018-09-07
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက စီနိုဟိုက်ဒရို ကုမ္ပဏီလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ မြေတူးမြေဖို့တဲ့ ဘတ်ဟိုးကား ပျက်စီးသွားခဲ့တာနဲ့ ပတ်သက် လို့ ကုမ္ပဏီက ယဉ်မောင်းကို ချမှတ်တဲ့ ပြစ်ဒဏ်ပြင်းထန်လွန်းတာကို ပြန်လည်ပြင်ဆင်ပေးဖို့ အလုပ်သမားတွေက သွားရောက် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ဘူးလို့ သိရပါတယ်။
2018-09-07
လူကုန်ကူးခံရပြီးရင် သတင်းမရတော့တဲ့အတွက်ရော တိုင်ကြားဖို့ ရှက်ရွံ့တဲ့အတွက်ပါ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံမှာ သူတို့သမီးအဖြစ် ရောင်းစားခံရသူဦးရေကို အတိအကျသိရဖို့ ခက်ပါတယ်။ ကချင်ပြည်နယ်ကနေ
2018-09-07
ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ သတ်ဖြတ်မောင်းထုတ်ခံခဲ့ရတဲ့ ပဋိပက္ခကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက အဆင့် ၄ ဆင့်နဲ့ ဆောင်ရွက်နိုင်ကြောင်း၊ တကယ်လို့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချလို့ ICC လွှဲပြောင်းရေး ပျက်ပြားခဲ့မယ်ဆိုရင် ကုလသမဂ္ဂပြဌာန်းထားတဲ့ ကာကွယ်ရန်တာဝန်ရှိမှု ခေါ် R2P အရ နိုင်ငံစုံတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းရတဲ့အဆင့်ကို ရောက်ရှိသွားနိုင်ကြောင်း အမေရိကန်အခြေစိုက် CRM Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦး ကပြောပါတယ်။
2018-09-07
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
2018-09-06
နယ်သာလန်နိုင်ငံ The Hague သည် ဟိတ်မြို့ရှိ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တရားသူကြီးတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖေါက်မောင်းထုတ်ခဲ့တဲ့ အမှုကို စစ်ဆေးစီရင်မယ်ဆိုရင် ကိုင်တွယ်ဖြေရှင်းတဲ့ အဆင့် ၄ ဆင့်ရှိတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦးက RFA ကိုပြောပါတယ်။
2018-09-06
ပဲခူးတိုင်းက ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်လို့ ရေဘေးဒဏ်ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ရေးမှာ တိကျတဲ့ အစီအစဉ်တွေ မတွေ့ရသေးသလို၊ ရေမြုပ်သွားတဲ့လယ်တွေ ပြန်လည်ဖော်ထုတ်ရေးမှာလည်း ပုဂ္ဂလိကကုမ္ပဏီတွေက ငွေစိုက်ထုတ်ပေးမယ်၊ သူတို့လိုချင်တာ စိုက်ပေးရမယ်ဆိုပြီး ကမ်းလှမ်းနေတဲ့အတွက် လယ်သမားတွေက လက်မခံကြဘူးလို့ သိရပါတယ်။
2018-09-06
ရခိုင်ပြည်နယ်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီတွေကို လုပ်ငန်းတင်ဒါတွေချပေးရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်ဘောင်ကို ကျော်လွန်ပြီး လုပ်ဆောင်နေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။
2018-09-06
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား မဟုတ်သူတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတဲ့အပေါ် ကန့်ကွက်ကြောင်း ကျောက်နီမော်ဒေသ ကျေးရွာအုပ်စု ၅ ခုမှာ လူထုလှုပ်ရှားမှုအဖြစ် လက်မှတ်ကောက်ခံနေပါတယ်။
2018-09-06
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုကို ဒီကနေ့ ၇၂ ကြိမ်မြောက်အဖြစ် စစ်ဆေးရာမှာ နံပါတ် (၄) တရားခံ အောင်ဝင်းထွန်း ကို စစ်ဆေးခဲ့ပါတယ်။
2018-09-06
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်တဲ့ သတင်းစာတွေ အရှုံးမပေါ်ဖို့အတွက် ကြော်ငြာဝင်ငွေ အတိုင်းအတာ တစ်ခုထိ တိုးတက်ရရှိရေး အပါအဝင် အချက်သုံးချက် ဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောလိုက်ပါတယ်။
2018-09-06
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေအဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပြီး ဖျက်သိမ်းပေးဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက တောင်းဆိုလိုက်ပါတယ်။
2018-09-06
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ခု ရဲ့ ထိပ်သီးညီလာခံ ကျင်းပနိုင်ဖို့အတွက် ချင်းမိုင်းမြို့မှာ ဒီနေ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
2018-09-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စွဲချက်တင်ခံထားရသူ အောင်ဝင်းထွန်း ဆိုသူကို ရန်ကုန်မြို့ အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။