ဆွာချောင်းတမံ ရေဘေးဒဏ်ခံရွာတွေ ပြန်လည်ထူထောင်ရေး
2018.09.06
ပဲခူးတိုင်းက ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်လို့ ရေဘေးဒဏ်ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ရေးမှာ တိကျတဲ့ အစီအစဉ်တွေ မတွေ့ရသေးသလို၊ ရေမြုပ်သွားတဲ့လယ်တွေ ပြန်လည်ဖော်ထုတ်ရေးမှာလည်း ပုဂ္ဂလိကကုမ္ပဏီတွေက ငွေစိုက်ထုတ်ပေးမယ်၊ သူတို့လိုချင်တာ စိုက်ပေးရမယ်ဆိုပြီး ကမ်းလှမ်းနေတဲ့အတွက် လယ်သမားတွေက လက်မခံကြဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု၊ တုန်းကြီးရွာ ရာအိမ်မှူး ဦးမြင့်လွင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။