သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-01
ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့လူတွေ ပြန်လာနိုင်ဖို့အတွက် နိုင်ငံသားဖြစ်ခွင့်ကိစ္စ၊ လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်နဲ့ စားဝတ်နေရေး စတဲ့အချက်တွေကို အဓိကထည့်သွင်းစဉ်းစားဖို့ UK Aid မြန်မာရဲ့အကြီးအကဲက ပြောလိုက်ပါတယ်။
2018-11-01
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေရှိပေမယ့် ခိုင်လုံတဲ့ အထောက်အထားနဲ့ အတည်ပြုနိုင်ချက်တွေ မတွေ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
2018-11-01
တရုတ်မြန်မာနယ်စပ် နန့်ဆန်ယန်ကျေးရွာအနီးမှာ ကချင်ခရစ်ယာန်အဖွဲ့ချုပ်က ဓမ္မဆရာမတစ်ဦး အပါအဝင် ကချင်တိုင်းရင်းသား ၁၅ ဦးကို အစိုးရတပ်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၁၂ ဦးကို ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။
2018-11-01
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်နိုင်အောင် အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ပြောလိုက်ပါတယ်။
2018-11-01
ဇေကမ္ဘာကုမ္ပဏီက မြေငှားရမ်းတည်ဆောက်ပြီး အခွန်ကောက်ယူတဲ့စနစ် BOT နဲ့ လုပ်ကိုင်နေတဲ့ လှိုင်သာယာ၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ လမ်းပိုင်းတွေမှာ လမ်းအသုံးပြုခ ကောက်ခံနေ တာကို အစိုးရက ဒီနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2018-11-01
နိုင်ငံရေးပြောင်းလဲမှု အခြေအနေအရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်ဆင်ဖို့ဆွေးနွေး တဲ့အခါ ရပ်တည်ချက်ကို တင်းတင်းမာမာ ဆုပ်ကိုင်မထားပဲ အလျော့အတင်းလုပ်နိုင်အောင် ပြင်ဆင်ထားဖို့ လိုတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း က ပြောပါတယ်။