သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-03
လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်တွေနဲ့ မညီလို့ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်း ၈၈ ဦးထဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်း ၇ ဦး ပါဝင်ပါတယ်။
2015-09-03
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းအတွင်းမှာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင် ပွဲတော်နဲ့ ကျောင်းသားသမဂ္ဂ ရွေးချယ်တင်မြှောက်ပွဲ ကို ကျင်းပခဲ့တာဟာ ကျောင်းစည်းကမ်းတွေ ကို ဖောက်ဖျက်တာဆိုပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက သမဂ္ဂ အဖွဲ့ဝင် ၉ ဦးကို ခေါ်ယူသတိပေးခဲ့ပါတယ်။
2015-09-03
ချင်းတွင်းမြစ်ရေ လျှံတက်လာတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်က ကျေးရွာတွေနဲ့ မြို့ပေါ် ရပ်ကွက်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရေဖုံးလွှမ်းနေပါတယ်။
2015-09-03
ရေဘေးသင့်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပမယ့် ရက် ရွှေ့ဆိုင်းသင့်တယ်ဆိုရင် ရွှေ့ဆိုင်းပေးမှာ ဖြစ် တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက မနေ့က သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။
2015-09-03
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် စီးခတွေကို ငွေကျပ် တစ်ရာကနေ လေးရာ အထိ ပြောင်းလဲကောက်ခံဖို့အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူသွား မယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီ မ.ထ.သ (ဗဟို) ဒုတိယဥက္ကဌ က ပြောပါတယ်။
2015-09-03
မကွေးတိုင်းဒေသကြီး ပခုက္ကူနည်းပညာတက္ကသိုလ်က ကျောင်းသား ၃၅ ယောက်ကို ကျောင်းခေါ်ချိန် မပြည့်လို့ဆိုပြီး စာမေးပွဲဖြေခွင့် ပိတ်လိုက်တာဟာ တရားမျှတမှု မရှိကြောင်း ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက မနေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
2015-09-03
၂ဝ၁၅ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်း ရုံးရေးအခြေအနေ၊ မဲပေးခွင့်ရှိသူစာရင်း အပြီးသတ် ထုတ်ပြန်မယ့်အခြေအနေနဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းလျှောက်လွှာတွေ စိစစ်နေမှု အခြေ အနေတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ အဖွဲ့ဝင်တွေက ဒီနေ့ ရန်ကုန် မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲအချက်အလက် စင်တာမှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းခဲ့ပါတယ်။
2015-09-03
ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ ဘတ်စ်ကားခ နှုန်း ထားတွေကို အရင်က အနည်းဆုံး ၅ဝ ကျပ် သတ်မှတ်ထားရာကနေ အနည်းဆုံး တစ်ရာကျပ် သတ်မှတ်တော့မယ်လို့ သိရပါတယ်။
2015-09-03
လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဝန်ထမ်းတွေ အရည်အသွေးမြင့်မားရေးနဲ့ ပတ် သက်ပြီး ဆွေးနွေးပွဲတရပ်ကို နေပြည်တော် ပြည်သူ့ လွှတ်တော်က ဇမ္ဗူသီရိခန်းမမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။
2015-09-03
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ဆောင်ရွက်နေ တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရန်ကုန် ကမာရွတ်မြို့နယ် ရွှေလီလမ်း က ရွေးကောက်ပွဲရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-09-02
တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၃ ခုနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသား များ ဖက်ဒရေးရှင်း- NBF က ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလ နဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ ရပ်တည်သွားမယ့် အဖွဲ့ရဲ့သဘောထားနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-09-02
ရခိုင်ဂီတအစည်းအရုံး (ယာယီ) က အနုပညာရှင်တွေဟာ ရေဘေးဒဏ် ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေက ကျေးရွာပေါင်း ၂ဝ အတွက် ဆန်နဲ့ သောက်ရေသန့်တွေကို မနေ့က သွားရောက်ပြီးလှူဒါန်းပြီး တေးဂီတတွေနဲ့လည်း ဖျော်ဖြေအားပေးခဲ့ကြပါတယ်။
2015-09-02
သန်လျင်မြို့မှာ တရားခံပြေးတစ်ယောက်က ဓါးနဲ့ပြန်လည်ခုခံတဲ့အတွက် သွားရောက် ဖမ်းဆီးသူ ရဲဝန်ထမ်း ၂ ဦး ဗုဒ္ဓဟူးနေ့ မနေ့က သေဆုံးသွားပါတယ်။
2015-09-02
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နောက်တစ်ပတ်အတွင်း ဆက်တိုက် မိုးကြီးနိုင်တာကြောင့် မြေပြိုနိုင်ပြီး ရေဖုံးလွှမ်းခံ ရနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က ဒီနေ့သတိပေးလိုက်ပါတယ်။
2015-09-02
မြန်မာနိုင်ငံ နေရာအနှံ့မှာ သဘာဝဘေး ဒဏ်ခံနေရတဲ့အတွက် လာမယ့်ရွေးကောက်ပွဲကို အနည်းဆုံး တစ်လနောက် ဆုတ်ပေးဖို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆို ထားတယ်လို့ ပါတီခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။