ရန်ကုန်စီးပွားရေးတက္ကသိုလ် သမဂ္ဂဝင် ၉ ဦး သတိပေးခံရ


2015.09.03

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းအတွင်းမှာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ကျောင်းသားသမဂ္ဂ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့တာဟာ ကျောင်းစည်းကမ်းတွေကို ဖောက်ဖျက်တာဆိုပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်နိုင်ဦးက သမဂ္ဂအဖွဲ့ဝင် ၉ ဦးကို ခေါ်ယူသတိပေးခဲ့ပါတယ်။

ခေါ်ယူသတိပေးခံရတဲ့အထဲမှာပါတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဌ ကိုစည်သူမောင်ကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။