သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-02
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနင်းလာတဲ့ ယာဉ်တန်း မနေ့က ညနေ ၄ နာရီခွဲလောက်က ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လုပ်ဆောင်တာဖြစ်နိုင်ကြောင်း မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးက RFA ကို ပြောပါတယ်။
2019-01-02
ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်အနီးက နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးယူထားတဲ့ ၉၀၁ ဝင်းထဲမှာ မနေ့ညက ပစ်ခတ်မှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မောင်မောင်လတ်က RFA ကို ပြောပါတယ်။
2019-01-02
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက်ဟာ တက္ကသိုလ်ဝင်း အတွင်း လုံခြုံရေးတိုးမြှင့်ပေးဖို့အတွက် ဒီနေ့မနက်က ကျောင်းရှေ့မှာ ဆန္ဒပြနေစဉ် အမရပူရ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
2019-01-02
၂၀၁၈ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အခြေအနေကို ပြန်လည်သုံးသပ်ရင် ကျဆင်းနေပါတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေကို စောင့်ကြည့်နေသူတွေနဲ့ သတင်းမီဒီယာသမားတွေ က သုံသပ်ကြပါတယ်။
2019-01-02
၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရေး အပြောင်းအလဲကြီးတစ်ခုဖြစ်တဲ့ သမ္မတအပြောင်းအလဲမှာ ပြည် သူတွေက အသစ်တက်လာခဲ့တဲ့ သမ္မတဦးဝင်းမြင့်အနေနဲ့ ယိမ်းယိုင်နေတဲ့ မြန်မာပြည်ရဲ့ တရားစီရင် ရေးကို ပြန်တည့်မတ်လာ နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
2019-01-02
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါး ပြဿနာကို အလေးထားပြီး ကိုင်တွယ်ဆောင်ရွက်မယ်လို့ ပြည်သူကို နှုတ်ခွန်းဆက်တဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
2019-01-02
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ဖြေရှင်းဖို့ကျန်နေခဲ့တဲ့ လယ်ယာမြေအမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှစ်ကုန်မှာအပြီး စစ်ဆေးဆောင်ရွက်ကြဖို့ သမ္မတဦးဝင်းမြင့် က ညွှန်ကြားထားပါတယ်။
2019-01-02
မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၂ ဘီလီယံကျော်ဆပ်ဖို့ ကျန်နေတဲ့အထဲမှာ တရုတ်နိုင်ငံကို သန်း ၄ ထောင်ရှိတယ်လို့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ သိရပါတယ်။
2019-01-02
မြန်မာနိုင်ငံအတွက် ၂၀၁၈ ခုနှစ်ဟာ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးလာကလွဲပြီး စီးပွားရေး တိုးတက်မှုအပိုင်းမှာ သိသိသာသာ တိုးတက်ပြောင်းလဲသွားတာမျိုး မတွေ့ရတဲ့အပြင် ကဏ္ဍအစုံ ကျဆင်းနေတယ်လို့ စီးပွားရေးလုပ်နေသူတွေက ပြောပါတယ်။