အစိုးရသစ်နဲ့ မူးယစ်ဆေးဝါး ပြဿနာ ဘယ်လိုဖြေရှင်းမလဲ
2019.01.02
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါး ပြဿနာကို အလေးထားပြီး ကိုင်တွယ်ဆောင်ရွက်မယ်လို့ ပြည်သူကို နှုတ်ခွန်းဆက်တဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဦးဝင်းမြင့် တာဝန်စယူတဲ့ ၉ လ အတွင်းမှာပဲ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမှုပေါင်းက ၆၀၀၀ နီးပါးရှိခဲ့ပြီး စိတ်ကြွမူးယစ်ဆေးပြား ၄၆ သန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။
သမ္မတကိုယ်တိုင် ဦးစီးပြီး ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေတဲ့အပေါ်မှာ ကြိုဆိုကြသလို လာမယ့် ၂၀၁၉ မှာလည်း မူးယစ်ဆေးဝါးပြဿနာရဲ့ အဓိက ပင်ရင်းဇစ်မြစ်တွေထိကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးလာဖို့ မျှော်လင့်နေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး အပြည့်အစုံကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။