သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-02
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ အဆိုပြုနှုန်းထား တင်တဲ့ အခါ တစ်ရက်လုပ်ခ ကျပ် ၅ ထောင်ထက် မလျော့ နည်းသင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ကော်မတီကို အကြံပြုတယ်လို့ ကော်မတီအဖွဲ့ဝင် ကိုရဲဝင်းထွန်း က ပြောပါတယ်။
2017-10-01
အီဂျစ်နိုင်ငံ မြန်မာသံရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ Hassm ခေါ် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။
2017-10-01
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လမ်းကြောင်းအတိုင်း ဆက်သွားနေမယ် ဆိုရင် ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေမယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြီးဆုံးသွားတဲ့ အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်အများစုက အကဲဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
2017-10-01
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားတဲ့ ဟိုတယ်၊ ရေနံချက်စက်ရုံ၊ ဆီအုန်းစိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေး စတဲ့လုပ်ငန်း ၄ ခုကို တိုင်းဒေသကြီး အစိုးရက ယာယီရပ်နားခိုင်းထားပါတယ်။
2017-10-01
အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅၀၀၀ ထက် မနည်းသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီကို အကြံပြုပြောကြားလိုက်ပါတယ်။
2017-10-01
ရခိုင်ပြည်နယ်မှာ ဆူပူမှုတွေ လုပ်ဆောင်ဖို့အတွက် မကွေးတိုင်းအတွင်း ငွေပေးပြီး လူစုနေသူကို မကွေးခရိုင် တရားရုံးမှာ တရားစွဲထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
2017-10-01
ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်သမားတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတိုင်းရင်း သားတွေနဲ့ ဟိန္ဒူလူမျိုးတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ကျန်ခဲ့တဲ့ ဟိန္ဒူမိသားစုတွေအတွက် လုံခြုံရေး အစီအမံတွေကို ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်နဲ့ သနန္တနဓမ္မပါလ အဖွဲ့ချုပ်တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။