တစ်ရက်လုပ်ခ ငါးထောင်ထက် မလျော့သင့်
2017.10.02
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ အဆိုပြုနှုန်းထားတင်တဲ့အခါ တစ်ရက်လုပ်ခ ကျပ် ၅ ထောင်ထက် မလျော့နည်းသင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီကို အကြံပြုတယ်လို့ ကော်မတီအဖွဲ့ဝင် ကိုရဲဝင်းထွန်း က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော်မတီက စစ်တမ်းကောက်ယူထားတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထားတွေနဲ့ ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင် ကိုရဲဝင်းထွန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။