သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-01
မန္တလေးတိုင်းဒေသကြီး ရမည်းသင်း အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းက လယ်သမားတွေနဲ့ ဒေသခံ တချို့ဟာ ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံက လူထုဟစ်တိုင်ရှေ့ မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-07-01
ရခိုင်ပြည်နယ်ရဲ့အရေးကို နိုင်ငံရဲ့ အရေးအကြီးဆုံး နံပါတ် (၁) ကိစ္စရပ်အဖြစ် ခံယူပြီး ရခိုင်ပြည် သူ ပြည်သားတွေရဲ့ အမျိုးသားအကျိုးစီးပွား အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒီကနေ့ စတင်တာဝန် ထမ်းဆောင်တဲ့ ဦးမောင်မောင်အုန်းက RFA ကို ပြော ပါတယ်။
2014-07-01
မြန်မာနိုင်ငံက Eco Tourism ခေါ် ဂေဟစနစ် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရန် ရှောင်ရန်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ သဘာဝချစ်သူများ ခရီးသွားလုပ်ငန်း ဥက္ကဌ ဦးအောင်ဒင် ကို ဒေါ်စန်းစန်းတင် က မေးမြန်းခဲ့ပါတယ်။
2014-07-01
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေး ဟောပြောပွဲကို ပဲခူးတိုင်း ပြည်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-07-01
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ပူးတွဲပြီး မကွေးတိုင်းမင်းဘူးမြို့မှာ ဒီကနေ့ လူထုဟောပြောပွဲ တခု ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက မင်းဘူးမြို့ကနေ သတင်းပေးပို့ထားပါတယ်။
2014-07-01
အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ အမေရိကန်တပ်မတော် ပစိဖိတ်ဒေသ ကွပ်ကဲရေး ဒုတိယ အကြီးအကဲ- ဒုတိယဗိုလ်ချုပ်ကြီး Anthony Crutchfield တို့ဟာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က ကောက်နှုတ် တင်ပြထားပါတယ်။
2014-07-01
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ခန့်အပ်လိုက် ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးက ဒီကနေ့ အတည်ပြု ကြေညာလိုက်ပါတယ်။ RFA သတင်းထောက် မခင်ပြည်စုံက တင်ပြထားပါတယ်။
2014-07-01
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၃) မှာရှိတဲ့ Master Sports ဖိနပ်စက်ရုံ ပိတ်လိုက်တဲ့အတွက် အလုပ်သမား ၈ ရာနီးပါး လစာငွေနဲ့ နစ်နာကြေးရရှိဖို့ စက်ရုံရှေ့မှာ စောင့်ဆိုင်းနေကြတာ ငါးရက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့ အလုပ်သမား ကိုယ်စားလှယ်တွေက လှိုင်သာယာ မြို့နယ်အလုပ်သမားရုံးမှာ သွားရောက် ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထား ပါတယ်။
2014-07-01
ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြားတွေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာန က ရောင်းချနေပါတယ်။
2014-07-01
တရုတ်၊ အိန္ဒိယ၊မြန်မာ၊ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်တဲ့ ခေတ်သစ် ရေကြောင်းပိုးလမ်းမ ကြီး ပေါ်ထွန်းရေးဆိုတဲ့ တရုတ်အစိုးရရဲ့ အစီအစဉ်အပေါ် အိန္ဒိယအနေနဲ့ သဘောတူ ထောက် ခံသော်လည်း၊ ကိုယ်တိုင်ကိုယ်ကျ မပါဝင်သေးခင် အစီအစဉ်အသေးစိတ်ကို သိရှိလိုကြောင်း အိန္ဒိယ ဒုသမ္မတ ဟာမစ် အန်ဆရီ က ပြောပါတယ်။