Master ဖိနပ်စက်ရုံ အလုပ်သမားနစ်နာကြေး
2014.07.01
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၃) မှာရှိတဲ့ Master Sports ဖိနပ်စက်ရုံ ပိတ်လိုက်တဲ့အတွက် အလုပ်သမား ၈ ရာနီးပါး လစာငွေနဲ့ နစ်နာကြေးရရှိဖို့ စက်ရုံရှေ့မှာ စောင့်ဆိုင်းနေကြတာ ငါးရက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီနေ့ အလုပ်သမား ကိုယ်စားလှယ်တွေက လှိုင်သာယာ မြို့နယ်အလုပ်သမားရုံးမှာ သွားရောက် ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထား ပါတယ်။