သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-02
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2014-11-02
မြန်မာနိုင်ငံမှာ အစိုးရက ဘာပဲလုပ်လုပ် ပြည်သူ လူထုက အယုံအကြည်မရှိ ဖြစ်နေကြတဲ့ အခြေ အနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားရုံး ချုပ် ရှေ့နေကြီး ဦးစန်းမောင်နဲ့ ဦးရောဘတ် စန်းအောင်တို့နဲ့ အာရှ လူ့အခွင့်အရေးကော်မရှင် က ရှေ့နေ ဦးမင်းလွင်ဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-11-01
ဖမ်းဆီးခံထားရစဉ် အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အီလီနွိုုက်ပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ် စတဲ့ပြည်နယ်တွေက မြန်မာနိုင်ငံအရေး လှှုပ်ရှား သူတွေဟာ မနေ့က ဝါရှင်တန်ဒီစီမြို့ မြန်မာသံရုံး၊ သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနရှေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-01
နေပြည်တော်က သမ္မတအိမ်တော်မှာ ပြီးခဲ့တဲ့ သောကြာနေ့ မနက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ အခြေအနေပေါင်းစုံကို တင်ပြခဲ့ကြတာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်၊ ဦးခွန်ထွန်းဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-11-01
မနေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဒီဆွေးနွေးပွဲမှာပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိူးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက သုံးသပ်ပါတယ်။
2014-11-01
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ မနေ့ညက အမှတ် ၄၂၄ ခြေမြန်တပ်ရင်းက စစ်သား ၄၀ လောက်က မြို့ထဲမှာ ရိုက်နှက်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရခဲ့ပြီး ၃ ယောက် က ဆီဆိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
2014-11-01
အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုကို စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က တာဝန်ရှိသူတွေ မွန်ပြည် နယ် မော်လမြိုင်မြို့ကို ဒီနေ့ ရောက် ရှိသွားပြီဖြစ်ပါတယ်။
2014-11-01
တိုင်းဒေသကြီးတွေမှာ ကျင့်သုံးမယ်ဆိုပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လူအင်အား နှစ်ရာလောက်က ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-01
ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ မနေ့ည ၉ နာရီလောက်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သိရပါတယ်။ ဗုံးပေါက်ကွဲ တဲ့နေရာမှာ လက်ကိုင်ဖုန်းတစ်လုံးတွေ့ရှိရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော် မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။
2014-11-01
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေဆဲ တန်ဆောင်တိုင်ပွဲတော်မှာ မနေ့ည သန်းခေါင်လောက်က မီးပုံးပျံ တစ်ခုဟာ အမြင့်ပေ ၂၀၀ လောက်ကနေ ပျက်ကျသွားခဲ့တဲ့ အတွက် လာရောက်ကြည့်ရှုသူတွေထဲက ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။