တောင်ကြီးမီးပုံးပျံပွဲမှာ မီးပုံးပျက်ကျ၊ ၁၄ ဦး ဒဏ်ရာရ
2014.11.01
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေဆဲ တန်ဆောင်တိုင်ပွဲတော်မှာ မနေ့ည သန်းခေါင်လောက်က မီးပုံးပျံတစ်ခုဟာ အမြင့်ပေ ၂၀၀ လောက်ကနေ ပျက်ကျသွားခဲ့တဲ့အတွက် လာရောက်ကြည့်ရှုသူတွေထဲက ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးဟာ တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အဲဒီအထဲက ၅ ဦးဟာ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ၁၂ ဦးက တောင်ကြီးဒေသခံတွေဖြစ်ပြီး၊ ၂ ဦးကတော့ ရန်ကုန်ကနေ လာရောက်သူတွေ ဖြစ်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။