သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-03
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးထုတ်မှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်ခဲ့သလို လုံခြုံရေးတင်းကျပ်ထားပါတယ်။
2019-06-03
လီဆူလူမျိုးတွေကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA) အနေနဲ့ တရားဝင်တောင်းပန်ပေးဖို့ ဒီနေ့ မြစ်ကြီးနားမြို့မှာ လီဆူလူမျိုး တစ်ထောင်ခန့် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-06-03
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူပေါင်း ခုနှစ်သန်းလောက်ဟာ အရွယ်မတိုင်ခင် သေဆုံးကြပြီး မြန်မာနိုင်ငံမှာတော့ တစ်နှစ်ကို လူပေါင်း ၂၂၀၀၀ သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
2019-06-03
ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား ၅၂ ဦးကို ရက္ခိုင့်တပ်မတော် AA က ဖမ်းဆီးသွားတာ လေးလနီးပါးရှိပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းလူ့အခွင့်အရေးအဖဲ့ွက တောင်းဆိုလိုက်ပါတယ်။
2019-06-03
ကယားပြည်နယ်အစိုးရက အမှုဖွင့်ထားတဲ့ ကရင်နီလူငယ် ခြောက်ဦးထဲက ကိုခူးကြူးဖဲကေး (ခ) ဂူးဂူး ဟာ မနေ့ညနေပိုင်းက ဖရူဆိုနဲ့ ဒီမော့ဆိုမြို့ကြားမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
2019-06-03
မြန်မာနိုင်ငံအတွင်း ခိုးဝင်ခိုးသွင်းပြုလုပ်နေတဲ့ မွတ်စလင်တွေကို ဥပဒေအရ အရေးယူပြီးရင် နေရပ်ပြန်ပို့တဲ့ အစီအစဉ်ကို သိလိုကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2019-06-03
ဒီကနေ့ နေ့လယ်၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ဒေသခံရွာသားတွေ ခိုလှုံနေတဲ့ မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်ကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်ပြီး ဒေသခံရွာသား လေးယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရှိခဲ့တာပါ။
2019-06-03
လီဆူလူမျိုးတွေကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်( KIA) အနေနဲ့ တရားဝင်တောင်းပန်ပေးဖို့ ဒီကနေ့ မြစ်ကြီးနားမြို့မှာ လီဆူလူမျိုးတစ်ထောင်ခန့် လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-06-03
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေအဖြစ် ဆရာတော် ဦးဝီရသူ ဒီနေ့ ရုံးချိန်းမှာလည်း လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။
2019-06-02
တရုတ်နိုင်ငံကို အခုဇွန်လအတွင်း ပထမဆုံးအကြိမ် ပုဂ္ဂလိက ကုမ္ပဏီအချင်းချင်း တရားဝင် ဆန်တန်ချိန် တစ်သောင်း တင်ပို့သွားနိုင်မယ့် သဘောတူညီမှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ စိုးထွန်း က ပြောပါတယ်။
2019-06-02
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း တရားမဝင် ခုတ်လှဲခဲ့တဲ့ သစ် ပမာဏ တန်ချိန် ၃၂၆ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
2019-06-02
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံကို တင်ပို့မယ့် ဆန်အိတ် တစ်သန်းနီးပါးလောက် ပိတ်မိနေတယ်လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင်မှာ အရောင်းအဝယ်လုပ်နေသူတွေက RFA ကို ပြောပါတယ်။
2019-06-02
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်တဲ့အခါမှာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်နဲ့ တပ်မတော်တစ်ခုတည်းရှိရေး၊ ခွဲမထွက်ရေး ရပ်တည်ချက်အတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။
2019-06-02
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတုတ္တန်းလမ်းအနီးမှာ တည်ဆောက်ထားတဲ့ စက်သုံးဆီသိုလှောင်ဖြန့်ဖြူး ရောင်းချရေးစခန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်ဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောလိုက်ပါတယ်။
2019-06-02
လားရှိုးမြို့နယ် မန်ပြိန်းရွာအနီးမှာ ကုမ္ပဏီတစ်ခုက ဧက သုံးရာ စိုက်ပျိုးရေးစီမံကိန်းတစ်ခု လုပ်ဆောင်မယ်ဆိုတဲ့အပေါ် ကျေးရွာသားတွေက ပွင့်လင်းမြင်သာအောင်ချပြဖို့လိုလားနေကြပြီး လက်ရှိကျေးရွာအတွင်း စက်ယန္တရားတွေ ဝင်ရောက်ဖြတ်သန်းမှာကိုလည်း ကန့်ကွက်ထားကြပါတယ်။