သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-08
လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရ အနေနဲ့ ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-06-08
ရခိုင်ပြည်နယ် မောင်တောနယ်စပ် တောင် ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်ဆယ် ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ထဲက ၁၅၀ ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ ဒီနေ့ လွှဲပြောင်းပေးလိုက်ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
2015-06-08
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၁၃၀ ကျော်မှာ မဲပေးခွင့် ရှိသူစာရင်းတွေကို ဒီနေ့ထုတ်ပြန်ရာ အမည်ထပ်နေတာတွေ၊ သေဆုံးသူတွေနဲ့ အသက် မပြည့်သူတွေ မဲစာရင်းမှာ ပါဝင်နေတယ်လို့ မဲစာရင်း စိစစ်ရေးအဖွဲ့တွေက ပြောပါတယ်။
2015-06-08
နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရှမ်းပြည်နယ်က မြို့နယ် ၇ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေ မကောက် ယူနိုင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2015-06-08
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရသူ ကျောင်းသူ ကျောင်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် ဖို့အတွက် အကြမ်းမဖက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အနုပညာပြပွဲကို ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီနေ့ ဖွင့်လှစ် လိုက်ပါတယ်။
2015-06-08
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲမှာ အစိုးရနဲ့လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင်အားလုံးပါဝင်မှ အဖွဲ့အားလုံးက လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက် ပါတယ်။
2015-06-08
ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံ ၇ ရက်မြောက်နေ့ ဒီနေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့ ဆုံးဖြတ် ချက်ချနိုင်ခဲ့ပါတယ်။
2015-06-08
အမျိုးသားလွှတ်တော်မှာ လှေစီးဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးဆွေးနွေးခဲ့ကြ ပါတယ်။
2015-06-08
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုက မဲပေးပိုင်ခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ရာမှာ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာလွဲမှားတာမျိုးတွေအပြင် သေဆုံးပြီးသူတွေရဲ့ နာမည်ပါတာမျိုး အမှားတွေရှိနေပါတယ်။
2015-06-08
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရှင်းပြခဲ့ပါတယ်။
2015-06-07
ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအများစုပါဝင် တဲ့ လှေစီးဒုက္ခသည်တွေကို လာရောက်နေ ရာချထားတဲ့အပေါ် မကျေနပ်တဲ့ ဒေသခံတွေ ဇွန်လ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြကြဖို့ စီစဉ်နေကြောင်း သိရ ပါတယ်။
2015-06-07
ပြည်တွင်း ပြည်ပမှာ ထင်ရှားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်ပြည် ငါးရက်ခရီးစဉ်ဟာ နှစ်နိုင်ငံ ကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု နဲ့ နားလည်မှုတွေကို မြှင့်တင်ပေးလိမ့်မယ်လို့ မျှော် လင့်ကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်း က ဖော်ပြပါတယ်။
2015-06-07
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို ၂ဝ၁၅ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်ကြောင်း မနေ့ က ကြေညာပါတယ်။
2015-06-07
လက်နက်ကိုင် တိုင်းရင်းသားများရဲ့ထိပ်သီး အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနဲ့ ပတ်သက် ပြီး ဆွေးနွေးမှုများအပြီး သတ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ညီ လာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ဖဒိုမန်းမန်း က ပြောပါတယ်။
2015-06-07
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင် ငံသား ၂၀၀ ထဲက ၁၅၀ ကို မနက်ဖြန် လွှဲပြောင်းယူမယ်လို့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ်ဖွဲ့က ဒီနေ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။