သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-06
မြန်မာနိုင်ငံမှာ ခန္ဓာကိုယ်အစက်အပြောက် နဲ့ရေနဂါး၊ ချော့ကလက်ရောင်ဖါးနဲ့ဂျင်း အပင်တစ်မျိုးအပါအဝင် အပင်နဲ့ဇီဝမျိုးကွဲ သစ် ၂၀ ကျော်တွေ့ရှိရတယ်လို့ WWF ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကပြောလိုက်ပါတယ်။
2014-06-05
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းရွာရဲ့NLD ဒုဥက္ကဌ ဦးစံထွန်းကို အမည်မသိ လက်နက်ကိုင်တချို့က ဇွန်လ ၄ ရက်နေ က နေအိမ်မှာလာရောက်ခေါ်ဆောင် သွားပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
2014-06-05
စီးပွားရေးပိတ်ဆို့မှှု ချမှတ်ထားတဲ့ မြန်မာ ၊အီရန်နဲ့ ဆူဒန် နိုင်ငံတွေကို လေယာဉ်ပျံ အစိတ်အပိုင်းတွေ စက်ပစ္စည်းတွေ နဲ့ တခြားဝန်ဆောင် မှှုတွေ ရောင်းချပေး ပို့ခဲ့တဲ့အတွက် နယ်သာလန်နိုင်ငံအခြေ စိုက် ဖေါ်ကာလေကြောင်း ပစ္စည်းကုမ္ပဏီက အမေရိ ကန်ပြည်ထောင်စုကို ဒေါ်လာ ၂၁ သန်းလျှော်ကြေးပေးပို့ သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
2014-06-05
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ KNU- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖော ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့မနက်ပိုင်းက နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခမ်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြ ထားပါတယ်။
2014-06-05
ကယန်းအမျိုးသားတော်လှန်ရေး နှစ်ငါးဆယ်ပြည့် ရွှေရတုအခမ်းအနားကို ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသမှာရှိတဲ့ ကယန်းပြည်သစ်တပ်မတော် ဌာနချုပ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-05
တရုတ်မြန်မာနယ်စပ်အနီး၊ ကချင်နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ မန်ဝိန်းကြီးကျေးရွာစစ်ပြေးဒုက္ခသည် စခန်းက စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေပါတယ်။ မန်ဝိန်းကြီး ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါ တယ်။
2014-06-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က သီတဂူ စက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာသည်တွေကို မတ်လ ၃၁ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။
2014-06-05
နှစ်စဉ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်နေ့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုတွေရဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ SAW ကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-06-05
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်" အစီအစဉ်ထဲ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-06-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက် ရပ်ကွက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း က ဒုက္ခသည်သုံးဦးကို ဖောက်ခွဲ မှုတွေနဲ့ မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီနေ့အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်တွေဟာ တရားမျှတမှု မရှိကြောင်း ဒုက္ခသည် ၃ ဦးရဲ့ ရှေ့နေ ဦးဂျီမာခါးက အခုလိုပြောပါတယ်။
2014-06-05
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေ ဟာ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခန်း မဆောင်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
2014-06-05
ပူပြင်းတဲ့ ရာသီဥတုကြောင့် ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံတွေနဲ့ ဆည်တွေမှာ ရေအားနည်းနေတယ်ဆိုပေမဲ့ လျပ်စစ်မီးဖြတ်တောက်တာ၊ အချိန်ပိုင်းတွေနဲ့ ပေးတာတွေ ရှိမှာမဟုတ်ဘဲ လျပ်စစ်မီးကို အပြည့်အ၀ ဆက်ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီးဌာနက ဝန်ကြီး ဦးကျော်မြင့်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ က တနင်္သာရီတိုင်း မြိတ်မြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် နေရာခွင့်ပြုချက်တောင်းရာမှာ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ငြင်းပယ်လိုက် တယ်လို့ သိရပါတယ်။
2014-06-05
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မိုင်းရှူးမြို့နယ် ဥက္ကဋ္ဌ နဲ့ မြို့နယ် ဗဟိုကော်မတီဝင် ၁၈ ဦး နှုတ်ထွက်ပြီး မိုင်းရှူးမြို့နယ် ပါတီရုံးခန်း ကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2014-06-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတထံတင်ပြထားတဲ့ မြေကွက်နဲ့ ကားသွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။