ပိတ်ဆို့မှှု ချိုးဖေါက် တဲ့ ဖေါ်ကာလေကြောင်း ကုမ္ပဏီ လျှော်ကြေးပေးရမည်
2014.06.05

စီးပွားရေးပိတ်ဆို့မှှု ချမှတ်ထားတဲ့ မြန်မာ၊အီရန်နဲ့ ဆူဒန် နိုင်ငံတွေကို လေယဉ်ပျံအစိတ်အပိုင်းတွေ စက်ပစ္စည်းတွေ နဲ့ တခြားဝန်ဆောင်မှှုတွေ ရောင်းချပေးပို့ခဲ့တဲ့အတွက် နယ်သာလန်နိုင်ငံအခြေစိုက် ဖေါ်ကာလေကြောင်းပစ္စည်း ကုမ္ပဏီက အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ ၂၁ သန်းလျှော်ကြေးပေးပို့ သဘောတူလိုက်ပြီဖြစ်ကြောင်း အမေရိကန် အစိုးရရှေ့နေတွေက ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
ဖေါ်ကာလေကြောင်းကုမ္ပဏီဟာ ၂ဝဝ၅ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်အတွင်း အဲ့ဒီ နိုင်ငံ ၃ ခုကို ပြုပြင် သို့မဟုတ် အရံ သို့မဟုတ် လဲလှယ်တဲ့ လေယဉ်ပျံ စက်ပစ္စည်းတွေ အကြိမ်ပေါင်း ၁၁ဝဝ ကျော်တင်ပို့ခဲ့ကြောင်း၊ အမေရိကန်မှာ ရှိတဲ့ လေယာဉ်ပျံစက်ပစ္စည်း ပြင်ဆင်တဲ့ ကုမ္ပဏီတွေကို ပစ္စည်းလွဲပြောင်းမှှုတွေနဲ့ပတ်သက်ပြီး လိမ်ညာပြောဆို စာရင်းပြခဲ့ကာ အမေရိကန်နိုင်ငံရဲ့ ပြည်ပပို့ကုန်ဥပဒေတွေကို ချိုးဖေါက်ခဲ့ကြောင်း တရားရေးဌာနကပြောပါတယ်။
အခုလျှော်ကြေးပေးရမယ့် ဖေါ်ကာကုမ္ပဏီဟာ မူလက လေယဉ်ပျံထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး ၁၉၉၆ မှာ ဒေဝါလီ ခံခဲ့ပါတယ်။ အဲဒီနောက် လေယဉ်ပျံ ပစ္စည်းတွေထုတ်လုပ်ပြင်ဆင်ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။