မိုင်းပျဉ်းရွာ NLD ဒုဥက္ကဌ အသတ်ခံရ


2014.06.05

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းရွာရဲ့NLD ဒုဥက္ကဌ ဦးစံထွန်းကို အမည်မသိ လက်နက်ကိုင်တချို့က ဇွန်လ ၄ ရက်နေ က နေအိမ်မှာလာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဦးစံထွန်းဟာ သိမ်းဆည်းခံလယ်မြေတွေပြန်ရဖို့ဆောင်ရွက်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အသတ်ခံရတဲ့ကိစ္စမှာတော့ လက်သည်တရားခံကို မသိကြသေးသလို၊ ဘာကြောင့်အသတ်ခံရတယ်ဆိုတာလဲ မသိသေးပဲဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီဒေသမှာ သိမ်းဆည်းခံလယ်မြေတွေ ပြန်ရရေးဆောင်ရွက်နေတဲ့ NLD ပါတီဝင်တွေကြားမှာလဲ ထိပ်လန့်မှုတွေဖြစ်နေတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။