သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-28
မွန်ပြည်နယ်မှာ အခုနှစ် နွေရာသီကာလအတွင်း မြို့နယ် ၄ ခုက ကျေးရွာပေါင်း ၅ဝ နီးပါးဟာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
2018-04-28
ကချင်ပြည်နယ်ထဲမှာ တပ်မတော်က KIA ကိုထိုးစစ်ဆင်နေတဲ့အတွက် စစ်ပွဲတွေဆက်ပြီး ဖြစ်နေလိမ့်ဦးမယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
2018-04-28
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသူတွေရဲ့သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓါတ် ပါဝင်မှုပမာဏများနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2018-04-27
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုင်ငံတကာနဲ့ အခြေအနေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ပြဿနာအတွက် အကျိုးရှိမယ့် ခရီးစဉ်တစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
2018-04-27
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးပွဲပြီးစီးခဲ့ပေမယ့် လတ်တလော KNPP က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
2018-04-27
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်က KIA အဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ဒေသမှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အဲဒီအနီးနားဒေသ ရွာပေါင်း ၂၀ နီးပါးက ဒေသခံ တစ်ထောင်နီးပါးဟာ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြပါတယ်။
2018-04-27
ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ KIA ပြောခွင့်ရသူတစ်ဦးက ရိုက်တာသတင်းဌာနကို သောကြာနေ့မှာ ပြောကြားပါတယ်။
2018-04-27
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေလေ့လာဖို့ မနက်ဖြန် စနေနေ့မှာခရီးစဉ်စတင်မယ်လို့ သိရပါတယ်။
2018-04-27
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း ပြည်သူတွေထောင်နဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာထွက်ပြေးစေရအောင် ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေအပေါ် လွန်စွာစိုးရိမ်မကင်းဖြစ် မိကြောင်း၊ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
2018-04-27
ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်ပေမယ့် သြစတြေးလျအနေနဲ့ မြန်မာစစ်တပ်ကို သတ်မှတ်ချက်အတိုင်းအတာတခုအထိ သင်တန်းအကူအညီတွေ ဆက်လက်ပေးအပ်ကူညီသွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားလိုက်ပါတယ်။
2018-04-27
လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှာ လယ်ယာမြေလျော်ကြေးငွေတွေ ပေးအပ်ဖို့ ငွေကျပ် သန်းငါးရာကို ပြည်ထောင်စုအစိုးရထံကို တင်ပြတောင်းခံသွားမှာဖြစ်ပါတယ်။
2018-04-27
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တဝိုက်က KIA အဖွဲ့ တပ်ရင်း ၄ တပ်စွဲထားတဲ့ဒေသမှာ တပ်မတော်နဲ့ KIA တို့ ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးနားဒေသ ရွာပေါင်း ၂၀ နီးပါးက ဒေသခံ တစ်ထောင်နီးပါးဟာ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးလာကြပါတယ်။
2018-04-27
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ မှာ နှစ်ရက်ကြာဆွေးနွေးပွဲ ဒီနေ့ ပြီးဆုံးခဲ့ပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ KNPP က လက်မှတ်ထိုးဖို့ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပဲဖြစ်နေပါတယ်။
2018-04-27
အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် ဒီနေ့အထိ အရေးယူထားတဲ့ အရာရှိ ၁၈ ဦးနဲ့ အခြားအဆင့် ၂၉ ဦး၊ စုစုပေါင်း ၄၇ ဦးကို စစ်စည်းကမ်းအရ အရေးယူထားတယ်လို့ မနေ့က ကြေးမုံသတင်းစာမှာ နိုင်ငံတော်အစိုးရက ထုတ်ပြန်တဲ့ ပြည်သူ့ အတွက် ဒုတိယ ၁ နှစ်တာ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။
2018-04-26
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းမုတုန်ရပ်ကွက်က အပေါင်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ် မှုမှာ ပါဝင်ပတ်သက်မှုရှိတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ “တအာင်း ဥပဒေအထောက် အကူပြုအဖွဲ့” တာဝန်ခံ မိုင်းမျိုးအောင် ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို လားရှိုးမြို့ နဂါးရုံဘုရားမှာ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါ တယ်။