သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-28
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ခွဲဝေချထားမှုမှာ မရိုးမဖြောင့် လုပ်ကိုင်တယ်ဆိုပြီး ဧရာဝတီတိုင်းဒေသ ကြီး မအူပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ၂ ဦး၊ မြို့နယ် NLD ပါတီခေါင်းဆောင်ပိုင်းတချို့ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင် ၁၆ ဦးကို ကညင်ဝကျေး ရွာအုပ်ချုပ်ရေးမှူးက မအူပင်မြို့မရဲစခန်းမှာ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
2016-10-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောတွေကို တရုတ်နိုင်ငံဘက် သယ်ယူချိန်မှာ အသုံးပြု တဲ့ ယာဉ်အစီးရေကို ပြည်နယ်အစိုးရက ကန့်သတ်လိုက် ပါတယ်။
2016-10-28
ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ဖျက်တဲ့ ခရီးသည်တင် ယာဉ်တွေကို အရေးယူမယ့် ပြစ်မှုပြစ်ဒဏ်တွေကို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြော ပါတယ်။
2016-10-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ရဲ့ ဖိတ်ကြား ချက်နဲ့ တရုတ်နိုင်ငံကို ဒီနေ့ ထွက်ခွာသွားပါတယ်။
2016-10-28
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနား နစ်မြုပ် ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ်မောင်းသူ ပိုင်ရှင် ဦးဇော်မျိုးဝင်းဟာ တိုင်းရဲတပ်ဖွဲ့ထံမှာ ဒီနေ့ လာရောက် အဖမ်းခံခဲ့ပါတယ်။
2016-10-28
မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားအပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်နေရာမှာ ဒေသခံတချို့ကို ဖမ်းဆီးညှင်းပန်း နှိပ်စက်နေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ဝေဖန်နေကြပါတယ်။
2016-10-27
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့ မှာ မော်တော်ဆိုင်ကယ်တွေ စီးနင်းခွင့်ပေးမယ့် အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ဆင်ခြေဖုံး မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကြောင့် အဆင်ပြေနိုင်စရာရှိနိုင်ပေမယ့် ယာဉ်အန္တရာယ် နဲ့အတူ ဒုစရိုက်မှုတွေ ပိုများလာနိုင်တယ် ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိနေပါတယ်။
2016-10-27
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် တိုးတက်ကောင်း မွန်လာအောင် လက်ရှိအစိုးရက ပြုပြင်ပြောင်းလဲ မှုတွေ လုပ်နေပေမယ့် ရုတ်တရက်ချက်ခြင်း ပြောင်း လဲသွားဖို့တော့ မလွယ်သေးဘူးလို့ အမျိုးသား လွှတ်တော်-ကျန်းမာရေးနဲ့ အားကစားကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခ ချုပ်ဟောင်း ဒေါက်တာသန်းဝင်း က မေတ္တာရပ်ခံ လိုက်ပါတယ်။
2016-10-27
ကယားပြည်လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှု ကွန်ရက်က ကယားပြည်နယ်က ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အရ လယ်မြေထိန်းသိမ်းတဲ့စနစ်ကို အခြေခံတဲ့ လယ်ယာမြေဥပဒေ ပေါ်ပေါက်လာဖို့ ရေးဆွဲဖို့ ပြင်ဆင်နေပါတယ်။
2016-10-27
တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု-MDCF ခေါင်းဆောင်ကိုထင်ကျော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2016-10-27
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေကွက်တွေကို အရင်အစိုးရ ဝန်ကြီးဟောင်းတွေ၊ ဌာနဆိုင်ရာ အရာရှိတွေ၊ လုပ်ငန်းရှင်တွေနဲ့၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူတွေကို ခွဲဝေချထားပေးခဲ့တဲ့ကိစ္စဟာ အစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့် ဘောင်အတွင်းကနေ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြအောင်က ပြောပါတယ်။
2016-10-27
ဗြိတိန်နိုင်ငံအခြေစိုက် BRO ခေါ် မြန်မာ ရိုဟင်ဂျာ အစည်းအရုံးက ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက လူသတ်မှု၊ မီးရှို့မှုစတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကျူးလွန်နေတဲ့ အတွက် မြန်မာအစိုးရနဲ့ စစ်တပ်ကို နိုင်ငံတကာက ဖိအားပေးစေလိုကြောင်း အောက်တိုဘာလ ၂၇ နေ့စွဲ နဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-10-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို Helen Keller Interna tional Humanitarian Award နိုင်ငံတကာလူသားချင်း စာနာထောက်ထားသူဆုကို HKI Europe Paris ဥက္ကဌ Dr. Howard Cohn က ဒီကနေ့ နေ့လည် က နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ပေးအပ်ခဲ့ပါတယ်။
2016-10-27
ထိုင်းပင်လယ်ကွေ့အတွင်းက အရှေ့လေပွေလှိုင်းတစ်ခုဟာ မနေ့ညက ရန်ကုန်ကို ဖြတ်သန်းသွားပြီး ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်ဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။
2016-10-27
ကယားပြည်နယ်က ဌာနေတိုင်းရင်း သားတွေရဲ့ ရိုးရာဓလေ့အရ လယ်မြေ ထိန်းသိမ်းတဲ့စနစ်ကို အခြေခံတဲ့ လယ်ယာမြေ ဥပဒေပေါ်ပေါက်လာဖို့ ရေးဆွဲသွားမယ်လို့ ကယားပြည် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှုကွန်ရက် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။