နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နဲ့ မေးမြန်းချက်
2016.10.28
မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားအပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်နေရာမှာ ဒေသခံတချို့ကို ဖမ်းဆီးညှဉ်း ပန်း နှိပ်စက်နေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေ က ဝေဖန်နေကြပါတယ်။
အဲဒီဝေဖန်မှုတွေကို နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ငြင်းဆန်လိုက် ပြီး အောက်ခြေမြေပြင်အခြေအနေမှာ တရားဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဦးဇော်ဌေးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။