သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-09
ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းနှစ်ခုမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ A(H1N1) ရောဂါပိုးရှိသူ ဒုက္ခသည် ၃၀၀ ခန့် တွေ့ရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့တဲ့အတွက် ရောဂါ ပိုး တွေ့ရှိသူများတဲ့ မယ်ရာမိုဒုက္ခသည်စခန်းကို ဝင်ထွက်သွားလာမှုတွေကို ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
2017-09-09
လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ လူမျိုးရေး ဘာသာရေးနဲ့မဆိုင်ဘဲ အားလုံးအတွက်ဖြစ်ပြီး ဘက်လိုက်မှုတွေ မရှိကြဖို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။
2017-09-09
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူပြီး ပညာရေးဝန်ကြီးဌာနထံ လွဲှပြောင်းပေးထားတဲ့ မြေဧက ၂၆၀၀ ကျော်ကို မူလပိုင်ရှင်တောင်သူတွေ ထံ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်ပေးအပ်သွားမယ်လို့ တိုင်းမြေစာရင်းဦးစီး ဌာနကနေ သိရပါတယ်။
2017-09-09
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့ ငပလီမြို့မှာ လူ ၃၀၀ လောက်က အနက်ရောင်တီရှပ်တွေကို ဆင်တူဝတ်ပြီး အစိုးရကို ဒီနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2017-09-09
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်မှာ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံပြီး နှစ်ဖက်အကြား ယုံကြည်မှု ပိုမိုခိုင်မာလာအောင် တည်ဆောက်သွားမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-09-09
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ရဲ့လုပ်ရပ်တွေကို အကာအကွယ်ပေးပြီး အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်အောင် လှုံ့ဆော်တဲ့ ဗီဒီယိုတွေကို ကိုယ်ပိုင်ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာမှာလွှင့်လို့ဆိုပြီး ဘူးသီးတောင်မြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို ရဲတပ်ဖွဲ့က ဘူးသီးတောင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2017-09-09
ရွှေဝါရောင်တော်လှန်ရေးဖြစ်လာဖို့ ဘယ်လိုကနေ သန္ဓေတည်ခဲ့လဲ၊ ရဟန်းပျိုတွေ ဘယ်လိုလှုပ်ရှားခဲ့သလဲ၊
2017-09-09
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်တဲ့အတွက် တနေရာနဲ့တနေရာ ခရီးသွားလာတာတွေ ကို ကန့်သတ်ထားပါတယ်။
2017-09-09
မောင်တောမြို့နယ် အလယ်သံကျော်နဲ့ မောရဝတီကျေးရွာတွေက အခြေအနေတွေနဲ့ ပတ်သက်ပြီး မောင်တောမြို့ ကို ရောက်နေတဲ့ RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာကို ကိုကျော်သူက တင်ပြပေးမှာပါ။
2017-09-09
မောင်တော်ဒေသက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြ တဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေဟာ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတွေ မှာ ယာယီ ခိုလှုံနေကြရပါတယ်။
2017-09-09
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို သြဂုတ် ၇ ရက်နေ့က သွားရောက်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ဝင်တွေကို ဆန္ဒပြသမားတွေက ဟစ်အော် ရှုတ်ချပြီး ကားတွေကို ထုရိုက် ခဲနဲ့ပေါက်ခဲ့ကြပါတယ်။
2017-09-09
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅/ခ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အမှုနဲ့ပတ်သက်ပြီး ဒီနေ့ဒုတိယအကြိမ် ရုံးချိန်းမှာ ကိုအောင်ကိုထွေးရဲ့ ရှေ့နေက အာမခံ လျှောက်ထားခဲ့ပါတယ်။
2017-09-08
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ မနီလာသိန်းတို့ရဲ့ အတွေ့အကြုံတွေကို မသင်းသီရီက စုစည်းတင်ပြထားပါတယ်။
2017-09-08
ဆက်လက်ပြီး ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အထူးအစီအစဉ်ကို ထုတ်လွှင့်မှာပါ။ ဒီကနေ့မှာတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က အဖြစ်အပျက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုးမင်းနဲ့ ဒေါ်ခင်ခင်အိတို့က တင်ဆက်ထားပါတယ်။
2017-09-08
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစတင်ပြီး အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက သတင်းတွေကို ဖော်ပြတာနဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေက သတင်းရယူဖော်ပြတာတွေ ကွဲလွဲနေပါတယ်။