သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-08
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဒီနေ့သွားရောက် တောင်းဆိုခဲ့တဲ့ လှိုင်သာယာမြို့နယ် ညောင်ရွာက မီးဘေးဒုက္ခသည် ၆၀ ခန့်ဟာ တွေ့ခွင့်မရဘဲ မနက်ဖြန်မှာ အကြောင်းပြန်ပေးမယ်လို့ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်ကြောင်း သိရပါတယ်။
2019-04-08
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေ ၃၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက RFA ကို ဒီနေ့ပြောပါတယ်။
2019-04-08
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီရဲ့ကိစ္စတွေကို ခွဲခြားကြည့်မြင်နိုင်ဖို့လိုပြီး အဲဒီလိုမဟုတ်ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အလားအလာ မကောင်းမှာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
2019-04-08
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြောင်းမဲ့ ပစ်ခတ်မှုတွေမဖြစ်အောင် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Md Shafeenul (မာမွတ်ရှာဖီနူးလ်) က မြန်မာဘက်ကို တောင်းဆိုလိုက်ပါတယ်။
2019-04-08
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားလာနေပေမယ့် ဒေသခံတွေ အကျိုးကျေးဇူးမခံစားရဘဲ ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
2019-04-08
မွေးဖွားရာဇာတိမြေကနေ တခြားအရပ်တပါးကို အကြောင်းအမျိုးမျိုး ပြောင်းရွှေ့အခြေချသူဦးရေက ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
2019-04-08
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီရဲ့ ကိစ္စတွေကို ခွဲခြားကြည့်မြင်နိုင်ဖို့လိုပြီး အဲဒီလိုမဟုတ်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အလားအလာ မကောင်းမှာကို စိတ်မကောင်းဖြစ်မိကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
2019-04-07
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဗြိတိန်အပါအဝင် နိုင်ငံတကာကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။
2019-04-07
မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အိန္ဒိယ ရေကြောင်းဆိုင်ရာ သုတေသန သင်္ဘော INS Sagardhwani ဟာ ဒီနေ့ ခရီးစဉ်အပြီးသတ်ပြီဖြစ်ပါတယ်။
2019-04-07
မန္တလေး ဘီယာစက်ရုံ တိုးချဲ့ဆောက်လုပ်ဖို့အတွက် တပ်မတော်က ငှားရမ်းလိုက်တဲ့အထဲမှာ ပါဝင်တဲ့ မြေဧက ၈ဝ ကျော်ကို ပြန်လည်စွန့်လွှတ်ပေးဖို့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် စည်သာယာရွာက တောင်သူ တစ်ရာလောက် ဒီနေ့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။
2019-04-07
တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံမှာ ဒီကနေ့ပြုလုပ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ သံဃာတစ်ချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့ လာရောက်ကန့်ကွက်တဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
2019-04-07
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ခွင့်ပြုချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ဟာ မေလထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ကို သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူထားကြောင်း ကော်မရှင်ဘက်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-04-07
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာအိဖူဒင် အဗ္ဗဒူလာ ဟာ ဒီနေ့မှာစတင်တဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ရိုဟင်ဂျာတွေအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2019-04-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်နဲ့ သရက်ပြင်ကျေးရွာကြားမှာ အစိုးရတပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ မနေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်အဖွဲ့ရဲ့ ပြောခွင့်ရသူတွေက RFA ကို ပြောပါတယ်။
2019-04-07
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံမှာ ဒီကနေ့ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့က လာရောက်ကန့်ကွက် နှောင့်ယှက်ခဲ့ပါတယ်။