ဒုက္ခသည်ပြန်ခေါ်ရေး မြန်မာကို ဖိအားပေဖို့ ဘင်္ဂလားဒေ့ရှ် ထပ်မံတိုက်တွန်း


2019.04.07
sheikh-hasina-622.jpg ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာကို တွေ့ရစဉ်
Photo: Munir UZ ZAMAN / AFP

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဗြိတိန်အပါအဝင် နိုင်ငံတကာကို ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဓနသဟာယနဲ့ နိုင်ငံခြားရေးရာရုံးမှာ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး Mark Field နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်အကိုင်ကလည်းမရှိ၊ မူလနေရပ်ပြန်ဖို့ကလည်း မရေရာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ ဒုက္ခသည်အရေအတွက်က ဌာနေနိုင်ငံသားတွေထက် ပိုများနေတာက ကြီးမားတဲ့ ပြဿနာဖြစ်နေကြောင်း၊ မိုးရာသီရောက်ပြီဖြစ်လို့ အခြေအနေပိုဆိုးလာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးကလည်း ဒုက္ခသည်တစ်သန်းကျော်ကို လက်ခံထားရတာဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေကို သိလိုကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။