သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-07
မြန်မာတနိုင်ငံလုံးမှာ ခွေးကောင်ရေ ၄ သန်းနီးပါးရှိပြီး၊ လေလွင့်ခွေး အရေအတွက်က ၇ဝ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ၂ဝ၁၈ ခုနှစ်အတွင်း ခွေးကိုက်ခံရသူ ၂ သိန်းနီးပါး ရှိခဲ့ပြီး၊ အယောက် ၇ဝ လောက်က ခွေးရူးပြန်ရောဂါနဲ့ အသက်ဆုံးရှုံးခဲ့ပါတယ်။
2019-06-07
မြန်မာ့တပ်မတော်နဲ့ AA နှစ်ဖွဲ့စလုံးက အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြီးခဲ့တဲ့ မေလက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-06-07
အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ ကိုယ်တိုင် စနစ်တကျ လေ့ကျင့် သင်တန်းပေးထားတဲ့ Free Burma Rangers အဖွဲ့ဟာ မြန်မာနိုင်ငံမှာတင်မက နိုင်ငံတကာအထိပါ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။
2019-06-07
ဒုတိယအကြိမ်လွှတ်တော်တွေရဲ့ ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေး၊ ကချင်နဲ့ ရှမ်းပြည်နယ်က ဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ အကျယ်တဝင့် ဆွေးနွေးတာ မတေ့ွရပါဘူး။
2019-06-07
ရခိုင်ပြည်နယ်က AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ထိရောက်တဲ့ သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေးအတွက် လိုအပ်တဲ့ အင်အားကို အသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါ အသုံးပြုဖို့ သမ္မတရုံးက တပ်မတော် ကကကြည်းကို ညွှန်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2019-06-07
ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ အမျိုးသားအကျိုးစီးပွားအတွက် ပါတီနိုင်ငံရေးထက် လက်နက်ကိုင် တော်လှန်ရေးကိုသာ စိတ်ဝင်စားမှုမြင့်မားလာနေတာဟာ စိုးရိမ်စရာအခြေအနေအထိ ဖြစ်လာနေတယ်လို့ ANP ပါတီရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောလိုက်ပါတယ်။
2019-06-07
လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်ကို ၁၈ နှစ် ပြည့်ပြီးဖြစ်ရမယ်ဆိုတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2019-06-07
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုမှုကို တရားရုံးက လွှတ်ပေးပြီးဖြစ်တဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို တရားလိုဘက်ကအမှုကို ကျေနပ်မှုမရှိဘဲ အယူခံ တင်သွင်းတဲ့အတွက် ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို ဆင့်ခေါ်ထားတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
2019-06-07
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေ မသွားရဲတာ၊ ဝေးလံခေါင်သီတာကြောင့် ဆရာ၊ ဆရာမတွေ ပြောင်းရွှေ့ တာကြောင့် ကျောင်းပေါင်း နှစ်ရာကျော်ဟာ ကျောင်းမဖွင့်လှစ်နိုင်ဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
2019-06-07
ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ အမျိုးသားအကျိုးစီးပွားအတွက် ပါတီနိုင်ငံရေးထက် လက်နက်ကိုင် တော်လှန်ရေးကိုသာ စိတ်ဝင်စားမှုမြင့်မားလာနေတာဟာ စိုးရိမ်စရာအခြေအနေအထိ ဖြစ်လာနေတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောဆိုလိုက်ပါတယ်။
2019-06-07
သတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတ်မြေသြဇာတင်ကားတွေ တရုတ်နယ်စပ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို သွားလာနေတာကြောင့် ချီဖွေ၊ ဖီမော်၊ ဆော်လော်သွားကားလမ်းမှာ ယာဉ်ပိတ်ဆို့နေတာတွေနဲ့ လမ်းတွေလည်း ပျက်စီးနေလို့ ခရီးသွားလာရာမှာ အခက် အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-06-07
လားရှိုးမြို့နယ် အီနိုင်ကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ ဧကသုံးရာ စိုက်ပျိုးရေးစီမံကိန်းကို ရွာသားတွေက ကန့်ကွက်လို့ ဖိအားပေးခြိမ်းခြောက်ခဲ့တဲ့ SSPP အရာရှိသူကို SSPP ဌာနချုပ်မှာ ခေါ်ယူစစ်ဆေးပြီး အရေးယူသွားမယ်လို့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းသန်းမောင်က ပြောပါတယ်။
2019-06-07
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်အနေနဲ့ စစ်အစိုး ရခေါင်းဆောင်အဖြစ်ကနေ၊ ရွေးချယ်ခံဝန်ကြီးချုပ်အဖြစ် အဆင်ချောနိုင်မလား သံသယရှိနေကြပါတယ်။
2019-06-07
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ နှစ်ဖက်အယူခံတင်ထားတဲ့ အပြီး သတ်လျောက်လဲချက်ကို လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ ကြားနာမယ်လို့သိရပါတယ်။
2019-06-07
ရခိုင်ပြည်နယ်အတွင်း အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရဘဲ လက်နက်ကိုင်တော်လှန်ရေးနည်းက ပိုထိရောက်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိလာတဲ့အပေါ် စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီက ပြောလိုက်ပါတယ်။