ရခိုင်အမျိုးသားပါတီ(ANP)နဲ့ တွေ့ဆုံမေးမြန်းချက်
2019.06.07
ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ အမျိုးသားအကျိုးစီးပွားအတွက် ပါတီနိုင်ငံရေးထက် လက်နက်ကိုင် တော်လှန်ရေးကိုသာ စိတ်ဝင်စားမှုမြင့်မားလာနေတာဟာ စိုးရိမ်စရာအခြေအနေအထိ ဖြစ်လာနေတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောဆိုလိုက်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ညီလာခံနောက်ပိုင်း ပါတီတွင်း အပြောင်းအလဲ၊ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲအပေါ်မျှော်လင့်ချက်နဲ့ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ပါတီနိုင်ငံရေးအပေါ် ဒေသခံတွေရဲ့ စိတ်ဝင်စားမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က စစ်တွေမြို့ ပါတီဗဟိုဌာနချုပ် ရုံးမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး - ဝေမာထွန်း/RFA