သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ကျင်းပ တဲ့ ၄ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ ပထမနေ့မှာ လက်ရှိ ရခိုင်ပြည်နယ် ရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေ အကြောင်း ကို ဆွေးနွေးခဲ့ကြပါတယ်။
2016-02-16
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြိုနယ် ကျောက်ကာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားတဲ့အတွက် အိမ်ခြေသုံးနီးပါး မီးထဲပါသွားခဲ့ပြီး အိမ်ထောင်စု လေးရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ပါတယ်။
2016-02-16
၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းထဲမှာ အကောင်အထည်ဖော်မယ့် လမ်းတံတား စီမံကိန်းတွေ၊ တိုင်းအစိုးရအဖွဲ့ အသုံးစရိတ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း ၂ ခုကို ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2016-02-16
မြောက်ဦးမြို့မှာ ကျင်းပနေတဲ့ လေးကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေ တက်ရောက်ပြီး ဌာနရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။
2016-02-15
နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင် ပြီး ဖေ့ဘွတ်စ်မှာတင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင် ဆိုသူ ကိုလှဖုန်းကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ် ခဲ့ပါတယ်။
2016-02-15
ဖားကန့်မြို့နယ်မှာရှိတဲ့ ဆိုင်းတောင်၊ လုံးခင်းနဲ့ ဆားပေါ့ရွာတွေမှာ ပုဂ္ဂလိက ကျောက်စိမ်းတူးဖေါ်တဲ့ ကုမ္ပဏီများကို ဆန္ဒပြနေကြသူ ဒေသခံများ ဖွင့်ထားတဲ့ သပိတ်စခန်းသုံးခုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ယာယီရပ်ဆိုင်း လိုက်ပြီး အာဏာပိုင်တွေနဲ့ ၁၆ ရက်နေ့မှာ ညိုနှိုင်းမှုတွေ လုပ်မယ်လို့ သိရပါတယ်။
2016-02-15
ဒီနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယနေ့ အစည်းအဝေးမှာ လွှတ်တော်ရေးရာကော်မတီ ၃ ခုကို ဖွဲ့စည်းခဲ့ပြီး လွှတ်တော် အစည်းအဝေးတွေကို တစ်လကျော်ကြာ ရပ်နားထားမှာဖြစ် တယ်လို့ သိရပါတယ်။
2016-02-15
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။
2016-02-15
လွှတ်တော်ဆိုတာ ကိုယ်စားလှယ်တစ်ဦးအတွက် အသုံးချဖို့စင်မြင့် မဟုတ်သလို၊ ရာထူးနေရာရ ဖို့ လှေကားထစ် လည်းမဟုတ်ဘဲ နိုင်ငံနဲ့ပြည်သူ့ အကျိုးကိုသာ ထမ်းဆောင်ရမယ့်နေရာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယ အကြိမ် လွှတ်တော်မှာ တက်ရောက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။
2016-02-15
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့ နယ် ကျောက်က္ကာကျေးရွာမှာ မီးလောင် ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ နေအိမ် ၃၀၀ ကျော် အတွက် ငွေကြေး ထောက်ပံ့ပေးမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် က ပြောပါတယ်။
2016-02-15
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့အချင်းချင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွား လာနေတဲ့ အခြေအနေတွေ က ပြည်တွင်းငြိမ်းချမ်းရေးသာမက လက်ရှိနိုင်ငံရေး အခြေအနေတွေအတွက် စိုးရိမ်စရာဖြစ်လာနေကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်သရွေ့ဒီပြဿနာတွေပေါ်ပေါက်နေဦးမှာဖြစ်ကြောင်း နိုင်ငံရေးခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။
2016-02-15
NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက် အစိုးရဖွဲ့ဖို့အရေးမှာ တပ်မတော်နဲ့ ညှိနှိုင်းမှုတွေလုပ်နေရာမှာ မပြေလည်မူတွေရှိနေတယ်ဆိုတဲ့သတင်းတွေ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေ အကြားမှာ ပြောဆိုနေကြသလို နေပြည်တော်ကလာတဲ့ ရိုက်တာစ်သတင်းမှာလည်း တပ်မတော်ဘက် က တောင်းဆိုမူတွေနဲ့ပတ်သက်ပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်တချို့ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာနားဆင်နိုင်ပါတယ်။
2016-02-15
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အာဏာလွှဲပြောင်း ရယူနိုင်ရေး ကြိုးပမ်းနေမှုအပါအဝင် အသွင် ကူးပြောင်းရေးမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေ အနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးစာပေတွေရေး သားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2016-02-15
NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရခဲ့ပြီးတဲ့နောက် အစိုးရဖွဲ့ဖို့အရေးမှာ တပ်မတော်နဲ့ ညှိနှိုင်းမှုတွေလုပ်နေရာမှာ မပြေလည်မူတွေရှိနေတယ်ဆိုတဲ့သတင်းတွေ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေအကြားမှာ ပြောဆိုနေကြသလို နေပြည်တော်ကလာတဲ့ ရိုက်တာစ်သတင်းမှာလည်း တပ်မတော်ဘက်က တောင်းဆိုမူတွေနဲ့ပတ်သက်ပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သုံးသပ်သူတွေရဲ့ အမြင်တချို့ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာနားဆင်နိုင်ပါတယ်။
2016-02-15
တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဌာန်းချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေနဲ့အညီသာ ဆောင်ရွက်သင့်တယ်ဆိုတဲ့ သဘောထားဟာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက သုံးသပ်ပြောဆိုလိုက်ပါတယ်။