သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-13
အမေရိကန်နိုင်ငံ အခြေစိုက် East -West Center က ဦးစီးကျင်းပတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် နဲ့ စိန်ခေါ်မှုုများဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတကာ မီဒီယာညီလာခံကို ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုု လုပ်ငန်းရှင်များအသင်း ရုံးချုပ်မှာ ဒီနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
2014-03-13
အမေရိကန်နိုင်ငံအခြေစိုက် East-West Center က ဦးဆောင်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စိန်ခေါ်မှုများ အမည်ပေးထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာညီလာခံကို ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
2014-03-13
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အတွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့နေအိမ်မှာ ဒီကနေ့ နေ့လယ်က တွေ့ဆုံးဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။
2014-03-13
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ကြိုးစားရာမှာ ပြောင်းလဲရေး မလုပ်လိုသူတွေရဲ့ ဆင်ခြေတွေကို သတိထားဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
2014-03-13
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေဆဲဖြစ်ပြီး၊ အဖွဲ့အစည်း အားလုံးလောက်မှာလည်း စစ်တပ်ရဲ့သြဇာ လွှမ်းမိုးနေ ဆဲဖြစ်တာကြောင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဟာ နုနယ်စအဆင့်မှာသာ ရှိနေသေးတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
2014-03-13
လွန်ခဲ့တဲ့ ၂၆ နှစ် ၁၉၈၈ မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ ပစ်ခတ်နှိမ်နင်း ခံရတဲ့အကြောင်းနဲ့ ပတ်သက်လို့ အဲဒီအချိန်က သေနတ်ဒဏ်ရာရပြီး ဆေးရုံနဲ့ထောင်ထဲ ရောက်ခဲ့ရတဲ့ RIT ကျောင်းသား ကိုမြင့်ဦးရဲ့ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2014-03-12
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရ တပ်တွေဟာ မတ်လ ၁၁ ရက်နေ့ မနေ့က မနက်ပိုင်းက SSPP ဝမ်ဟိုင်းဌာနချူပ် အနီးမှာ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
2014-03-12
လာမယ့် မတ်လ ၁၆ ရက်နေ့မှာ ကျရောက်မယ့် ရန်ကုန် တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီအရေးအခင်း ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ပြည်လမ်း၊ အင်းယား ကန်ဘောင်မှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာ မျိုးဆက် သစ်ကျောင်းသားတွေကို ကျောင်းသားသမဂ္ဂအလံ လွှဲအပ် သွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။
2014-03-12
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် သရက်တောကျေးရွာအုပ်စုက လျှပ်စစ်မီတာခ ပိုကောက်ခံ တဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၄ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပခုက္ကူမြို့နယ်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။
2014-03-12
အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေမှာ ခုံသမာဓိကောင်စီနဲ့ ခုံသမာဓိအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေ ကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေကြမ်းကို ဒီနေ့ ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2014-03-12
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ကြိုးပမ်းမှုတွေမှာ တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်တွေ ပိုမိုပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရှိလာပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
2014-03-12
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် သမ္မတ ဦးသိန်း စိန် ဖွဲ့စည်းလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို မူလပေးပို့ထားတဲ့ အမျိုး၊ ဘာသာ၊ သာသ နာ စောင့်ရှောက်ရေးဥပဒေ ၄ ရပ်နဲ့ ပတ်သက်တဲ့မူတွေကို ရှင်းလင်းချက်တွေနဲ့ ထပ်မံပေးပို့ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဘဒ္ဒန ္တ တိလောကာဘိဝံသက RFA ကို မိန့်ပါတယ်။
2014-03-12
၂၀၁၄ နိုင်ငံရေး အခြေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကာလမှာ သတင်းမီဒီယာတွေ ရဲ့ ရေးသားတင်ပြမှုတွေဟာ အများပြည်သူတွေရဲ့ ထင်မြင်သုံးသပ်မှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိမှာဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြော ပါတယ်။
2014-03-12
မန္တလေးတိုင်း ငါးဇွန်မြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ "မန္တလေး-မြို့သာ" စက်မှုဥယျာဉ် မြို့တော်စီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်မြေတွေမှာ စီမံကိန်းလုပ်ငန်းအတွက် မတ်လ ၈ ရက်၊ စနေနေ့က မြေထိုးစက်တွေနဲ့ ထိုးညှိရာမှာ ငါးဇွန်မြို့နယ် သံဘိုကျေးရွာ တောင်သူတွေက တားဆီးခဲ့ကြပြီး ထိုက်သင့်တဲ့ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-03-12
မကွေးတိုင်း တောင်တွင်းကြီးမြို့လယ်မှာရှိတဲ့ ဓာတ်ဆီအရောင်းဆိုင်ဟာ မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့အတွက်ဆိုပြီး မြို့ပြင်ကို ပြောင်းရွေ့ပေးဖို့ ဒေသခံတချို့ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။