သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-17
အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2022-01-17
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်၊ မဲပလိကျေးရွာက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ စခန်းကို ဇန်နဝါရီ ၁၆ ရက် မနေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) က သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
2022-01-17
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းနှစ်ခုကို ဇန်နဝါရီ ၁၇ ရက် ဒီနေ့မနက်အစောပိုင်းနဲ့ မနေ့ညပိုင်းတွေက စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-16
ကယားပြည်နယ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ရာနဲ့ချီပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတယ်လို့ မျက်မြင်သက်သေတွေက မနေ့က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
2022-01-16
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ်လိုအပ်သူ ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ဇန်နဝါရီ ၁၆ ရက် တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2022-01-16
မကွေးတိုင်း ပခုက္ကူတံတား စစ်ဆေးရေးဂိတ်မှာ စလင်းမြို့ကလာတဲ့ သန်းဆုအောင် ခရီးသည်တင် ကားပေါ်မှာ ဖောက်ခွဲရေးနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့လို့ဆိုပြီး ကားပိုင်ရှင်နဲ့ အဲဒီကား အဖမ်းခံထားရတယ်လို့ ပခုက္ကူဒေသခံတစ်ဦးက ပြောပါတယ်။
2022-01-16
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်မြေမာန်ရပ်ကွက် လျှပ်စစ်ရုံးအနီး လမ်းမပေါ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့ညက ကိုရဲရင့်ဇော် ဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
2022-01-16
မကွေးတိုင်း မြိုင်မြို့နယ် သဒွတ်ရွာကို ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက် နေအိမ် ၂၅ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-01-16
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲဟာ PDF ခေါင်းဆောင် ဗိုလ်နဂါးဦးဆောင်တဲ့ အဖွဲ့ လှုပ်ရှားနေတဲ့ ဒေသလည်းဖြစ်ပါတယ်။ ဒီဒေသကို စစ်ကောင်စီဘက်က လေကြောင်းသုံး ဖိတိုက်နေတာကြောင့် ရွာသား ၇၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-16
မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မရွာမှာ ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် သုံးရက်အကြာမှာ မီးကျွမ်းနေတဲ့ ရုပ်အလောင်း သုံးလောင်းကို တွေ့ရတယ်လို့ မြိုင် PDF အဖွဲ့က ပြောပါတယ်။
2022-01-16
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ကို စစ်ကောင်စီက တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားစာပို့လာတယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မျိုးဝင်းက ပြောပါတယ်။
2022-01-16
ရန်ကုန်တိုင်း၊ အလုံမြို့နယ်ထဲက HTOO Petroleum Co., Ltd ရဲ့ ထူး စက်သုံးဆီဆိုင်မှာ ဇန်နဝါရီ ၁၆ ရက် ဒီနေ့မနက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ဆိုင်လည်း မီးလောင်ခဲ့ပါတယ်။
2022-01-15
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်ကို ပူးပေါင်းဆောင်ရွက်လာတဲ့ အချိန်အထိ မြန်မာစစ်ကောင်စီကို အာဆီယံအစည်းအဝေး တွေကနေ ဖယ်ထုတ်ထားသင့်တယ်လို့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsein Loong) က ပြောလိုက်ပါတယ်။
2022-01-15
ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနအနီး ခရိုင်ရဲတပ်ဖွဲ့ ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) နဲ့ GZ - 21 (လွိုင်ကော်) ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၄ ရက် မနေ့က တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ခြောက်ယောက် သေဆုံးခဲ့တယ်လို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
2022-01-15
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုပါ ခံနေရတဲ့ ကယားပြည်နယ်ရဲ့ နှစ် ၇၀ ပြည့် ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။