သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-21
တနင်္သာရီကမ်းရိုးတန်း ကမ်းနီးဒေသတွေ မှာ ကမ်းဝေးငါးဖမ်းစက်လှေကြီးတွေ ဝင်ရောက်ဖမ်းဆီးနေတာတွေ့ရှိရင် တနင်္သာရီရေတပ်ဌာနချုပ်နဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာန ချုပ်တွေ ကို တိုင်ကြားနိုင်တယ်လို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ က ပြောပါတယ်။
2016-07-21
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ လက်နက်ကိုင် အဖွဲ့တွေက ခရီးသည်တွေနဲ့ ဒေသခံတွေ ဆီက ဓါးပြတိုက်နေတာတွေကို ပပျောက်အောင်ဆောင်ရွက်ပေးဖို့နဲ့ ရေးမြို့နယ်အတွင်း လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးဖို့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို တောင်းဆိုလိုက်ပါတယ်။
2016-07-21
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် က ဒေသခံတွေဟာ TNLA နဲ့RCSS တပ်တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာ စိုးရိမ်နေရ တာကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2016-07-21
ရခိုင်ပြည်နယ်နဲ့ တစ်နိုင်ငံလုံးမှာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေကို အချိန်ကာလ သတ်မှတ်မထားဘဲ စိတ်ရှည်ရှည်ထား ပြီး ကောက်ယူသွားမှာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်ထောင် စုဝန်ကြီး က ပြောပါတယ်။
2016-07-21
တာဝန်ချိန်သာမန်နာကျင်စေမှုနဲ့ ထောင် ဒဏ် ၃ လ ကျခံနေရတဲ့ BBC သတင်းထောက် ကိုနေမျိုးလင်းဟာအမှု အယူခံရခဲ့တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာပါတယ်။
2016-07-21
မွန်ပြည်နယ် ရေးမြို့နယ်က ငါဖမ်း စက်လှေတစ်စီးပေါ်မှာ လူကုန်ကူးခံရသူ ၁၁ ဦးက သူတို့ ငါးဖမ်းလှေမှာ ကြုံတွေ့ ခဲ့ရတာတွေကို သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းပြခဲ့ ပါတယ်။
2016-07-21
ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၅၂ ပြည့်နဲ့ ဂူဗိမာန် နှစ် ၅၀ ပြည့် အခမ်း အနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
2016-07-21
မြန်မာနိုင်ငံရဲ့ ပညာရေး တိုးတက်ခိုင်မာစေဖို့ အခြေခံပညာက အရေးကြီးကြောင်းနဲ့ မိဘတွေက ယုံကြည်စွာအပ်နှံတဲ့ ကျောင်းတွေအနေနဲ့လည်း ယုံကြည်ထိုက် အားကိုးထိုက်တဲ့ အခြေအနေရှိဖို့ လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-07-21
ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂)က ဦးခက်ထိန် နန် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည် အမျိုး သားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီ LDP ၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့က ခေါင်းဆောင်တွေ ဒီကနေ့ မနက် ၈ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2016-07-21
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေအတိုင်း မသွားရင် ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးသွားမယ်လို့ ဒု-ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောလိုက်ပါတယ်။
2016-07-21
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ ၈၈ မျိုးဆက်အဖွဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ သမိုင်းပြတိုက် တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် ဒီနေ့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က ယာယီပြတိုက်မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
2016-07-21
နေပြည်တော်မှာကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲမှာ စာရေးဆရာ မောင်စိန်ဝင်း-ပုတီးကုန်း နဲ့ ၈၈ မျိုးဆက် အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ဟောပြောခဲ့ပါတယ်။
2016-07-21
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ တရားမဝင် အရက်ရောင်းချမှု တားဆီးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-21
မလေးရှားနိုင်ငံမှာ ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသား ၁၁၉ ဦးဟာ မလေးရှားရောက် မြန်မာ နိုင်ငံသားတွေ စုပေါင်းကူညီတဲ့ အလှူငွေနဲ့ ဇူလိုင်လ (၂ဝ) ရက် ဒီကနေ့ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာကြပါတယ်။
2016-07-21
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတဲ့အတွက် သတ္ထုတူးဖော်နေတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီ နဲ့ အရှေ့တိုင်းသတ္ထုမိုင်းကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ္တုတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။