သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-01
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်သိရှိနိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီဇင်ဘာလ ၁ရက် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2012-12-01
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဟန်းတော်တွေကို တောင်းပန်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေဟာ သံဃာ့သြဝါဒ ခံယူပွဲတစ်ရပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2012-12-01
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဟန်းရှင်လူ ၂ဝဝ ကျော်ပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။
2012-12-01
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေရာမှာ ဓာတုလက်နက်တွေ အသုံးပြုတယ်လို့ ယူဆရတဲ့အတွက် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဆုံဖွဲ့ရမယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မုံရွာမြို့ပြည့်သူ့ ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ သံဃာတော်တွေကို ကြည့်ရှုအပြီး သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
2012-12-01
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို ဒီကနေ့ညနေမှာ သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှူးနဲ့ ဗဟန်းမြို့နယ် ရဲစခန်းမှူး တို့က လာရောက်ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ညနေမှာ လှိုင်မြို့နယ်ထဲက ဦးညီညီဇော်ရဲ့အိမ်မှာရောက်နေတဲ့ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို မဂ္ဂင်ကျောင်းတိုက် အပိတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဖြစ်တယ်လို့ပြောပြီး လာရောက်ခေါ်ဆောင်သွားတာပါလို့ ဦးညီညီဇော်က RFA ကို ပြောပါတယ်။
2012-12-01
ထိုင်းနိုင်ငံကနေ တရားမဝင်ဝင်ရောက်လာမှု၊ တရားမဝင် သစ်ပင်စိုက်ပျိုးမှု၊ လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၁ဝနှစ်ခွဲစီကျခံနေရတဲ့ မြန်မာနိုင်ငံ ကော့သောင်းအကျဉ်းထောင်က ထိုင်းနိုင်ငံသား ၇ ဦးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မနေ့က နိုဝင်ဘာ ၃ဝ ရက်နေ့က လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2012-12-01
လက်ပန်းတောင်းတောင် သပိတ်တိုက်ပွဲတွေကို အစိုးရရဲတပ်ဖွဲ့တွေ အကြမ်းဖက်နှိမ်နင်းတဲ့အခါမှာ ကျော်ရွာနားက သပိတ်စခန်းမှာ မီးလောင်ဗုံးထိပြီး ဆေးရုံတက်နေရတဲ့ ကိုကျော်စွာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။